ငြိမ်းချမ်းရေးဖြစ်စဉ် ငါးနှစ်ကြာဦးမယ်ဆိုတဲ့ ဒေါက်တာ ဆလိုင်းလျှန်မှုန်းဆာခေါင်နှင့် တွေ့ဆုံခြင်း

ငြိမ်းချမ်းရေးဖြစ်စဉ် ငါးနှစ်ကြာဦးမယ်ဆိုတဲ့ ဒေါက်တာ ဆလိုင်းလျှန်မှုန်းဆာခေါင်နှင့် တွေ့ဆုံခြင်း

ရန်ကုန်၊ နိုဝင်ဘာ ၁ ။                ။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ဘယ်တော့ စကျင်းပမလဲ၊ ဘယ်နေရာတွေမှာ စကျင်းပမလဲ ဆိုတာနဲ့ ပတ် သက်ပြီး အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ ချင်းအမျိုးသားတပ်ဦးက ဒေါက်တာ ဆလိုင်းလျန်မှုန်း နှင့် တွေ့ဆုံမြန်းမြန်းထားပါတယ်..။

မေး ။   ။ အမျိုးအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ဖို့ အခြေနေလေးသိချင်ပါတယ်။ ကျင်းပမဲ့ ရက်သတ် မှတ်ပြီး ပြီလား။

ဖြေ ။    ။ ကျွန်တော်တို့က အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပဖို့ကို လုပ်ငန်းလမ်းညွှန် ပြီးခဲ့တဲ့ အောက်တိုဘာ လ ၂၇/ ၂၈ အစည်းဝေးမှာ ကျွန်တော်တို့ (UPDJC) အစည်းဝေးမှာ အတည်ပြုပြီးပြီ။ ဆိုတော့ အဲ့ဒီ့မှာ အဆင်သင့်ဖြစ်တဲ့ ဒေသအားလုံးမှာ ကျင်းပနိုင်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်ထားတယ်။ အဲ့လို အဆင်သင့်ဖြစ်တယ်ဆိုတဲ့နေရာမှာ အဲဒီ ဒေသ မှာ ကျင်းပနိုင်ဖို့အတွက်   ပြည်နယ် အစိုးရနဲ့ ဒါမှမဟုတ် တိုင်းဒေသကြီး အစိုးရပေါ့နော် ။  ပြီးတော့ တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့စည်းတွေရယ်။ နိုင်ငံရေးပါတီတွေ ပေါင်းပြီးတော့ ကြီးကြပ်ရေးကော်မတီဖွဲ့မယ်။ အဲဒီ ကြီးကြပ်ရေးကော်မတီလည်း ဖွဲ့ပြီးပြီ ကျင်းပနိုင်တဲ့ လုံခြုံမှုအနေထားလည်း ရှိတယ်။ ရန်ပုံငွေလည်းရှိတယ်ဆိုလို့ရှိရင် အဲဒီဒေသမှာ ကျွန်တော်တို့ အားလုံးက ကျင်းပလို့ရတယ်။ အခုလာမယ့် ၁၀ ရက်နေ့ကနေ ၁၅ ရက်နေ့ထိ အဲနေ့ကျ ဘယ်လိုကျင်းပမယ် ဆိုတဲ့ လုပ်ငန်းကိစ္စကို ကျွန်တော်တို့ ဆွေးနွေးမှာဖြစ်ပါတယ်။ အဲ့လို ဆွေးနွေးပြီးရင်တော့ ကျွန်တော်တို့အနေနဲ့ ဆက်ပြီးတော့ ဒီကိစ္စကို   ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ချင်းပြည်နယ်မှာတော့ ကျွန်တော်တို့ ချင်းအမျိုးသား တပ် ဦးရယ်၊ ချင်းပြည်နယ်အစိုးရရယ်ပြီးတော့ အနိုင်ရပါတီဖြစ်တဲ့ နိုင်ငံရေးပါတီတွေ ကျွန်တော်တို့ ချင်းပြည်နယ်မှာက အနိုင် ရပါတီက ၃ ခုရှိပါတယ်။ ပါတီတွေနဲ့ပေါင်းပြီးတော့မှ ချင်းပြည်နယ် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်ရေး ကော်မတီကို ဖွဲ့စည်းပြီး အမြန်ဆုံးကျင်းပဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။

မေး ။   ။ လောလောဆယ်အနေနဲ့ ဘယ်ဒေသတွေမှာ ကျင်းပသွားမယ် ဆိုတာကိုရောပြောပြလို့ရနိုင်မလား။

ဖြေ ။    ။ ကျွန်တော်တို့ အနေနဲ့ အဆင်သင့် ဖြစ်တဲ့နေရာမှာ အထူးသဖြင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေအနေနဲ့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေရှိတဲ့ဒေသမှာ ကျွန်တော်တို့ အားလုံးကျင်းပသွားနိုင်ဖို့ ကြိုး စားသွားမှာပါ။

မေး ။   ။ ဘယ်ဒေသမှာအရင် စတင်ကျင်းပမယ်ဆိုတာကို ပြောလို့ မရသေးဘူးလား။

ဖြေ ။    ။ ပြောလို့မရဘူး ။ အစိုးရဘက်ကတော့ တင်ပြတာရှိတယ်။ ၃နေရာမှာလုပ်ဖို့။ ဒါပေမယ့် ကျွန်တော်တို့ အမြင်မှာ တော့ ဒါကလက်တွေ့မကျဘူး။ လက်တွေ့မကျတဲ့အတွက်  အဆင်သင့်ဖြစ်တဲ့နေရာအားလုံး နောက်ပြီးတော့ လုပ်နိုင်တဲ့ နေရာအားလုံးမှာ ကျွန်တော်တို့ လုပ်ဖို့ဆိုပြီးတော့ပဲ ကျွန်တော်တို့ စီစဉ်ထားပါတယ်။

မေး ။   ။ အစိုးရဘက်ကတင်ပြတဲ့ ၃ နေရာဆိုတာ ဘယ်နေရာတွေကိုပြောတာလဲ။

ဖြေ ။    ။ ကျွန်တော်မပြောတော့ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှ လက်မခံခဲ့ဘဲ။

မေး ။   ။ PNLO က ဗိုလ်မှူးကြီး ခွန်ဥက္ကာကလည်း ပြောထားတာရှိတယ်။ DPN ကိုစောင့်မှာ မဟုတ်ဘူးဆိုတာ အဲဒီ အပေါ်ရော ဆရာဘယ်လိုမြင်လဲ။

ဖြေ ။    ။  ကျွန်တော်တို့အနေနဲ့ကတော့ DPN ကို DPN နဲ့ ကျွန်တော်တို့ ပြီးခဲ့တဲ့ပွဲမှာ သဘောတူထားတာရှိပါတယ်။ အဲ ဒါ ကတော့ ၂၁ ရာစုပင်လုံ မတိုင်ခင်မှာပါ။ ၂၁ ရာစုပင်လ ုံမတိုင်ခင်မှာ မူဘောင်ပြန်လည် သုံးသပ်တာကို အတူတကွ တတ်မယ်။ ပြီးတော့ ၂၁ ရာစုပင်လုံကို အတူတကွတတ်မယ်။ ၂၁ရာစု ပင်လုံပြီးလို့ရှိရင် DPN ဘက်ကနေပြီးတော့ ဆက် လက်ဆောင်ရွက်ဖို့ လိုအပ်နေတဲ့ အစိုရနဲ့ ညှိနှိုင်းမှုတွေကို ဆက်လက်လုပ်မယ်။ ပြီးတော့ သူတို့အနေနဲ့လည်း မူဘောင်  ပြန်လည်သုံးသပ်တဲ့ နေရာမှာ ပူးပေါင်းမယ်ဆိုပြီးတော့မှ သဘောတူထားတယ်။ သူတို့လည်းတတ်တယ်ပေါ့။ ပြီးလို့ရှိရင် တော့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှာတော့ ကျွန်တော်တို့ လက်မှတ်ထိုးပြီးသားအဖွဲ့တွေ အနေနဲ့က ဒီတိုင်း မူ ဘောင်ကို အတည်ပြုရင် မူဘောင်အတိုင်းဆက်ပြီးတော့ ဆောင်ရွက်မယ်။ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့အနေနဲ့ အစိုးရ နဲ့ ဆွေးနွေးနေတဲ့ဟာ အခြေနေ မပေးလို့ လက်မှတ်မထိုးနိုင်သေးဘူး။ ဒါမှမဟုတ် မပါနိုင်သေးဘူးဆိုရင် ဒီကိစ္စကို သူတို့ အနေနဲ့ ဆက်ပြီးတော့ ဆောင်ရွက်မယ်ဆိုတဲ့ နားလည်မှု ကျွန်တော်တို့ ယူထားပါတယ်။ ကျွန်တော်တို့အနေနဲ့ လက် မှတ်ထိုးတဲ့ ဒေသမှာ ကျင်းပမယ် ဆိုပေမယ့် သူတို့ရဲ့သဘောထား သူတို့ အမြင်တွေကိုလည်း ပါဝင်နိုင်အောင် သူတို့ လည်း  အမြန်ဆုံးလက်မှတ်ထိုးနိုင်အောင် အစိုးရနဲ့ ညှိနှိုင်းလို့အဆင်ပြေအောင် ကျွန်တော်တို့ ဘက်ကလည်း တတ်နိုင် သလောက်ဆောင်ရွက်ပေးသွားမှာပဲဖြစ်ပါတယ်။ တကယ်လို့ သူတို့ဒေသမှာ မကျင်းပနိုင်ဘူး ဆိုရင်လည်းပဲ ပထမတစ် သုတ်ပေါ့လေ။ ဖေဖော်ဝါရီလ မတိုင်ခင် မကျင်းပနိုင်ဘူးဆိုရင်လည်းပဲ နောက်တစ်သုတ်မှာ ကျွန်တော်တို့ စဉ်းစား ထား တာကတော့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်က အနည်းဆုံး ၃နှစ် ကနေ ၅ နှစ် ထိကြာမှာဖြစ်ပါတယ်။ အဲဒီ ဖြစ်စဉ်တစ်ခုလုံးမှာ သူ  တို့ပါလာနိုင် ဖို့တော့ ကျွန်တော်တို့ မရမက ကြိုးစားသွားမှာပဲဖြစ်ပါတယ်။

မေး ။   ။ ဟုတ်ကဲပါ။ ဒီတစ်ခေါက် နိုင်ငံရေးဆွေးနွေးပွဲမှာပေါ့ DPN မပါလာနိုင်သေးရင်ရော ဘယ်လိုဖြစ်လာနိုင်လဲ။

ဖြေ ။    ။  အဲ့တာကတော့ ကျွန်တော့်အနေနဲ့လည်းမသိဘူး။ ဒါပေမယ့် သူတို့ပါရင်တော့ အကောင်းဆုံးဖြစ်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly