ATP တင်းနစ် အဆင့်သတ်မှတ်ချက်များမှာ ထိပ်ဆုံးကနေ ဂျိုဂိုဗစ် ရပ်တည်

ATP တင်းနစ် အဆင့်သတ်မှတ်ချက်များမှာ ထိပ်ဆုံးကနေ ဂျိုဂိုဗစ် ရပ်တည်
(ဓာတ်ပုံ - အီးပီအေ)

ပရိုဖက်ရှင်နယ်များ တင်းနစ်အဖွဲ့ (ATP) ရဲ့ တနင်္လာနေ့က ထုတ်ပြန်လိုက်တဲ့ အဆင့်သတ်မှတ်ချက်များအရ ဆားဗီးယား တင်းနစ်ကစားသမား ဂျိုဂိုဗစ်က နံပါတ် (၁) နေရာကနေ ဆက်လက် ရပ်တည်နေပါတယ်။

ပြိုင်ဘက် ဂျိုဂိုဖစ်ကို ပြင်သစ်မှာ အနိုင်ရရှိမယ်ဆိုရင် ထပ်ဆုံးနေရာအတွက် အခွင့်အလမ်းတွေရှိတဲ့ အန်ဒီမာရေးက (၁,၉၁၅) မှတ်အကွာနဲ့ ဂျိုဂိုဗစ်ရဲ့ အနောက်မှာ ရှိနေပါတယ်။

ဒီတစ်ပတ် အဆင့်သတ်မှတ်ချက်တွေမှာ ဂျပန် တင်းနစ်ကစားသမားး နီရှီကိုရီက အဆင့် (၄) နေရာအထိ တက်လာတာကြောင့် ကနေဒါ ကစားသမား ရာအိုနစ်က အဆင့် (၅) ကို ဆင်းပေးလိုက်ရပါတယ်။

ဆွစ်ဇလန် တင်းနစ်သမား ရော်ဂျာ ဖက်ဒါရာက အဆင့် (၉) နေရာထိ ကျဆင်းသွားချိန်မှာ ပြင်သစ် ကစားသမား မွန်ဖေးလ်က အဆင့် (၇) နေရာထိ တက်လာပြီး သြစတြီးယား ကစားသမား  ဒေါ်မနစ်သိမ်းကလည်း အဆင့် (၈) နေရထိ ရောက်လာပါတယ်။

လက်ရှိ ATP (အမျိုးသား) အဆင့်များနှင့် ရမှတ်များ

၁) ဂျိုဂိုဗစ် (ဆားဗီးယား) ရမှတ် ၁၂,၉၀၀
၂) အန်ဒီ မူရေး (စကော့တလန်) ရမှတ် ၁၀,၉၈၅
၃) ဝေါ်ရီကာ (ဆွစ်ဇာလန်) ရမှတ် ၅,၈၆၅
၄) နီရှီကိုရီ (ဂျပန်) ရမှတ် ၄,၉၀၅
၅)  ရာအိုနစ် (ကနေဒါ) ရမှတ် ၄,၆၉၀
၆) နာဒါးလ် (စပိန်) ရမှတ် ၄,၀၈၀
၇) မွန်ဖေးလ် (ပြင်သစ်) ရမှတ် ၃,၆၃၅
၈) ဒေါ်မနစ်သိမ်း (သြစတြီးယား) ရမှတ် ၃,၂၅၀
၉) ဖက်ဒါရာ (ဆွစ်ဇလန်) ရမှတ် ၃,၂၂၀
၁၀) မာရင်း ဆီလက် (ခရိုအေးရှား) ၃,၁၀၀

©EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly