ပြင်သစ်ဘောလုံးမဂ္ဂဇင်းနှင့် လမ်းခွဲလိုက်ပြီးနောက် ဖီဖာက ကမ္ဘာ့အကောင်းဆုံးဆုကို 'The Best' အမည်ဖြင့် ချီးမြှင့်မည်

ပြင်သစ်ဘောလုံးမဂ္ဂဇင်းနှင့် လမ်းခွဲလိုက်ပြီးနောက် ဖီဖာက ကမ္ဘာ့အကောင်းဆုံးဆုကို 'The Best' အမည်ဖြင့် ချီးမြှင့်မည်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က ပြင်သစ်ဘောလုံးမဂ္ဂဇင်းနှင့် ပူးပေါင်းပြီး FIFA Ballon d'Or နာမည်နဲ့ ကမ္ဘာ့အကောင်းဆုံးဆုတွေကို ချီးမြှင့်ခဲ့ရာကနေ ဒီနှစ်အစောပိုင်းက နှစ်ဖက် လမ်းခွဲလိုက်တဲ့အတွက် ကမ္ဘာ့အကောင်းဆုံးဆုတွေကို နာမည်သစ်နဲ့ ဆက်လက် ချီးမြှင့်သွားမယ်လို့ သိရှိရပါတယ်။

ဖီဖာက ကမ္ဘာ့အကောင်းဆုံးဆုများကို The Best လို့ နာမည်သစ်ဖြင့် ဆု (၈) ဆုထဲကThe Best Fifa အမျိုးသား ကစားသမားဆုကို  ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့မှာ ဇူးရစ်မြို့မှာ ကျင်းပမယ့် The Best Fifa Football Awards အခမ်းအနားမှာ ပေးအပ်ချီးမြှင့်သွားမှာဖြစ်ပါတယ်။

ဖီဖာက တစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံးနာမည်နဲ့ ၁၉၉၁ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိ သီးခြား ချီးမြှင့်ခဲ့ပေမယ့် လွန်ခဲ့တဲ့ ၆ နှစ်အတွင်း ပြင်သစ်ဘောလုံးမဂ္ဂဇင်းနဲ့ ပူးပေါင်းပြီး Ballon d'Or ကမ္ဘာ့အကောင်းဆုံးဆုတွေကို ချီးမြှင့်ခဲ့ပါတယ်။

ပြင်သစ်ဘောလုံးမဂ္ဂဇင်းမှ Ballon d'Or နာမည်ကို ဆက်လက်အသုံးပြုပြီး ဥရောပအကောင်းဆုံးဘောလုံးသမားဆုအဖြစ် ချီးမြှင့်သွားမှာဖြစ်ပါတယ်။

ဖီဖာ အမျိုးသားနှင့် အမျိုးသမီးဆုနှင့် နည်းပြဆုကို နှစ်ပိုင်းခွဲပြီး ဆုံးဖြတ်သွားဖွယ်ရှိနေပါတယ်။

အကောင်းဆုံး အမျိုးသား ဘောလုံးသမားနှင့် အမျိုးသမီး ဘောလုံးသားဆု၊ အမျိုးသား နည်းပြနှင့် အမျိုးသမီး နည်းပြဆုများ မဲပေးရွေးချယ်ရာမှာ လက်ရွေးစင်အသင်း ခေါင်းဆောင်နှင့် နည်းပြများရဲ့ ဆန္ဒမဲ (၅၀) ရာခိုင်နှုန်းကို ရယူမှာဖြစ်ပြီး ကျန် မဲ (၅၀) ရာခိုင်နှုန်းကိုတော့ ပရိသတ်များက အွန်လိုင်းမှ တစ်ဆင့် မဲပေးမှုနှင့် ကမ္ဘာတစ်လွှားရှိ မီဒီယာ (၂၀၀) ကျော်ထံမှ ဆန္ဒမဲကို ရယူ ဆုံးဖြတ်သွားမယ်လို့ သိရှိရပါတယ်။

အကောင်းဆုံး အမျိုးသား ဘောလုံးသမားဆု ဆန်ခါတင် (၂၃) ဦး စာရင်းကို ဒီအပတ် သောကြာနေ့မှာ ကြေညာသွားမှာဖြစ်ပြီး ဒီဇင်ဘာ ၂ ရက်နေ့မှာ ဆန်ခါတင် (၃) ဦးကို အတည်ပြု ကြေညာသွားဖွယ်ရှိပါတယ်။

The Best Fifa Football Awards စာရင်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

The Best Fifa Men's Player 2016
 The Best Fifa Women's Player 2016
 The Best Fifa Men's Coach 2016
 The Best Fifa Women's Coach 2016
 The Fifa Puskas Award 2016 (for goal of the year)
 The Fifa Fair Play Award 2016
 The Fifa Fan Award 2016
 Fifa FifPro World11

Source: BBC Sports

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly