အကြိုက်ဆုံးအဖွဲ့အဖြစ် တူးအင်န်အီးဝမ်း အဖွဲ့ကို ရွေးလိုက်တဲ့ အမ်မာစတုန်း

အကြိုက်ဆုံးအဖွဲ့အဖြစ် တူးအင်န်အီးဝမ်း အဖွဲ့ကို ရွေးလိုက်တဲ့ အမ်မာစတုန်း

ဆိုးလ်၊ ဇူလိုင် ၁၆ ။  ။ နာမည်ကျော် မင်းသမီး အမ်မာစတုန်းသည် ၎င်း ပါဝင်သရုပ်ဆောင်ထားသော Irrational Man ဇာတ်ကား အရောင်းမြှင့်တင်ရေးအတွက် ဧည့်သည်အဖြစ် တက်ရောက်ခဲ့သော ဇူလိုင် ၁၄ ရက်က ထုတ်လွှင့်ပြသသည့် Conan အစီအစဉ် တွင် 2NE1 အဖွဲ့ကို ၎င်း၏ အကြိုက်ဆုံးအဖွဲ့ဟု ပြောကြားသည်။

တွေ့ဆုံမေးမြန်းခန်းအတွင်း အစီအစဉ်တင်ဆက်သူ ကိုနန်အိုဘာရိန်းက အမ်မာစတုန်းကို 2NE1အဖွဲ့ကို ကြိုက်နှစ်သက်ရသည့် အကြောင်းကိုလည်း မေးမြန်းခဲ့သည်။

“ ကျွန်မ လက်ရှိအကြိုက်ဆုံးအဖွဲ့ကတော့ 2NE1 အဖွဲ့ ဖြစ်ပါတယ်။ သူတို့ဟာ ကိုရီးယားပေါ့ တေးသီချင်း လေးတွေကို သီဆိုကြ တယ်။ ဒါဟာလည်း အရည်အချင်းတစ်ရပ်ပါပဲ။ လူတိုင်း မြင်တွေ့ဖူး တဲ့ အကောင်းဆုံး အဖွဲ့ တစ်ဖွဲ့ဖြစ်ပါတယ်”ဟု အမ်မာစတုန်း ကပြောသည်။

“ ကျွန်မ ဆိုးလ်မြို့မှာ Spider Man  ဇာတ်ကား ပွဲဦးထွက်ပြသပွဲ လုပ်ခဲ့တုန်းက ကျွန်မတို့ဟာ 2NE1 အဖွဲ့နဲ့စင်ပေါ် မှာဖျော်ဖြေ ခဲ့ဖူးပါတယ်။ အဲဒါ ကျွန်မ 2NE1အဖွဲ့နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ တာပါ။ သူတို့ သီချင်းတွေထဲမှာ ကျွန်မအကြိုက်ဆုံးသီချင်းက လူကြိုက်များမှု ရရှိခဲ့တဲ့ သီချင်းဟောင်း လေးဖြစ်တဲ့ I Am the Best တေးသီချင်း ဖြစ်ပါတယ် ”ဟု အမ်မာက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly