အဆိုတော် ခရစ္စဘရောင်း၏နေအိမ်ကို မျက်နှာဖုံးတပ်ထားသော အမျိုးသားသုံးဦး ဝင်ရောက်စီးနင်း

အဆိုတော် ခရစ္စဘရောင်း၏နေအိမ်ကို မျက်နှာဖုံးတပ်ထားသော အမျိုးသားသုံးဦး ဝင်ရောက်စီးနင်း

နယူးယော့ခ်၊ ဇူလိုင် ၁၆ ။     ။ R&B အဆိုတော် ခရစ္စဘရောင်း၏ နေအိမ်ကို မျက်နှာဖုံးတပ်ထာသော အမျိုးသားသုံးဦးက စီးနင်း ဝင်ရောက်ခဲ့ကြောင်းနှင့် ယင်းအမျိုးသားသုံးဦးသည် ခရစ္စဘရောင်း၏ အဒေါ်ဖြစ်သူကို နေအိမ်တွင် သော့ပိတ် ခဲ့ကြောင်း ရဲတပ်ဖွဲ့ ကပြောကြားသည်။

လုယက်မှု ဖြစ်ပွားချိန်တွင် ခရစ္စဘရောင်းသည် နေအိမ်တွင် ရှိမနေခဲ့ကြောင်းနှင့် အဆိုပါဖြစ်ရပ်သည် ဇူလိုင် ၁၅ ရက် နံနက် အစောပိုင်း ကဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ပစ္စတိုသေနတ်များ ကိုင်ဆောင်ထားသော လက်နက်ကိုင်သုံးဦးသည် ငွေများ၊ ဆဲလ်ဖုန်း တစ်လုံးနှင့် လက်တော့ပ် တစ်လုံးတို့ကို ယူသွားခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

ဘရောင်း၊ သို့မဟုတ် ၎င်း၏ကိုယ်စားလှယ်များက ယင်းကိစ္စနှင့်စပ်လျဉ်း၍ ယခုအချိန်ထိ မှတ်ချက်ပြု ပြောကြားခြင်းမရှိသေးပေ။ အသက် ၂၆ နှစ်အရွယ်ရှိ ဘရောင်းသည် အဆိုပါဖြစ်ရပ် ဖြစ်ပွားချိန်တွင် နိုက်ကလပ် တွင် ရှိနေခဲ့ကြောင်း ထုတ်ပြန်ချက် ၌ဖော်ပြထားသည်။

ခရစ္စဘရောင်း၏နေအိမ် ကျူးကျော်ဝင်ရောက် တိုက်ခိုက်ခံရမှုသည် ဒုတိယအကြိမ်မြောက် ဖြစ်ပြီး မကြာသေးမီ လများက လည်းနေအိမ် အတွင်း ကျူကျော်ဝင်ရောက် တိုက်ခိုက်ခံခဲ့ရသည်။

ခရစ္စဘရောင်းနေအိမ်အတွင်းသို့ မေလက မိန်းကလေးတစ်ယောက် ကျုးကျော်ဝင်ရောက်ခဲ့ပြီး အစားအသောက်များ ချက်ပြုတ်ကာ နံရံများပေါ်တွင် “ I love you” ဟူသော စာသားများကို ရေးသားခဲ့သည်။

အမီရာ အာရက်ပ် အမည်ရှိ အသက် ၂၁ နှစ်အရွယ် အဆိုပါအမျိုးသမီးကို လက်သရမ်းဖျက်ဆီးခြင်း၊ တိတ်တဆိတ် ချဉ်းနင်း ဝင်ရောက် ဖောက်ထွင်းမှုတို့ဖြင့် စွဲချက်တင်ခံခဲ့ရပြီး အပြစ်မရှိကြောင်း လျှောက်လဲခဲ့သည်။ ခရစ္စ ဘရောင်းသည် ယခုနှစ်မေလက အဆိုပါနေအိမ်ကို ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly