လိုချင်တဲ့အလုပ် ရစေမယ့် နည်းလမ်းကောင်းများ

လိုချင်တဲ့အလုပ် ရစေမယ့် နည်းလမ်းကောင်းများ

တစ်ခါတစ်လေကျ လိုချင်တဲ့အလုပ်မရ ရတဲ့အလုပ် မလိုချင်ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ကိုယ်မက်ခဲ့ရတဲ့ အိမ်မက်အလုပ်တွေကို အကောင်အထည်ဖော်နိုင်စေဖို့ နည်းလမ်းကောင်းလေးတွေကို   ဖော်ပြပေးလိုက်ရပါတယ်။

(၁) သင့်အလုပ်ရှင် အလုပ်ခန့်ချင်တဲ့ လူတစ်ယောက်ဖြစ်ပါစေ

ဘွဲ့ဒီဂရီတစ်ခုခုလိုချင်တယ်ဆိုရင် ဘွဲ့ဒီဂရီရအောင် ကြိုးစားပါ။ အလုပ်အတွေ့အကြုံလိုချင်တယ်ဆိုရင် အလုပ်အတွေ့အကြုံရအောင် အလုပ်ဝင်ပါ။ သင်နဲ့သင့်တော်မယ့် အလုပ်ကို မရှာပါနဲ့။ သင် လိုချင်တဲ့အလုပ်အတွက် သင့်တော်မယ့်သူဖြစ်အောင် ကြိုးစားပါ။

(၂) တစ်ဆင့်ချင်းလှမ်းတက်ပါ

သင်လိုချင်တဲ့အလုပ် မရသေးဘူးဆိုတာဟာ သင်ဘယ်တော့မှ အဲ့အလုပ်မရနိုင်တော့ဘူးလို့ မဆိုလိုပါဘူး။ သင်အလုပ်ဝင်ချင်တဲ့ ကုမ္ပဏီမှာပဲ ရာထူးနိမ့်နိမ့် သို့ ဆက်စပ်နေတဲ့ ရာထူးတစ်ခုခုနဲ့ စဝင်ပါ။
လုံလောက်တဲ့ အလုပ်အတွေ့အကြုံရပြီးသွားရင်တော့ သင့်အိမ်မက်အလုပ်ဆီကို ချီတက်လို့ ရပါပြီ။ တချို့ကုမ္ပဏီတွေက ကုမ္ပဏီမှာ အလုပ်ဝင်နေပြီးသားသူတွေကို ဦးစားပေး အလုပ်ခန့်လေ့ရှိပါတယ်။

၃) အဆက်အသွယ်များ အောင်လုပ်ပါ

ပွဲတွေ ကွန်ဖရင့်တွေ တက်ခြင်းအားဖြင့် အဆက်အသွယ်ကောင်းတွေ ရနိုင်ပါတယ်။ စေတနာ့ဝန်ထမ်းလုပ်ကိုင်ခြင်း၊ ပရော်ဖက်ရှင်နယ် အဖွဲ့အစည်းတွေမှာ အသင်းအဖွဲ့ဝင်ခြင်း၊ Linkedin လိုမျိုး ဆိုက်ဒ်တွေမှာ အဖွဲ့ဝင်ခြင်းဖြင့် အဆက်အသွယ်များအောင် လုပ်နိုင်ပါတယ်။ သင်တန်းတက်တဲ့အခါမှာ မိတ်ဆွေအပေါင်းအသင်းဖွဲ့ခြင်းဖြင့်လည်း အဆက်သွယ်များအောင် လုပ်နိုင်ပါသေးတယ်။

(၄) အလုပ်လျှောက်လွှာကို အရောင်တင်ပါ

အလုပ်လျှောက်လွှာမှာ အချက်အလက်တွေ ပြည့်စုံအောင်ထည့်ပါ။ အလုပ်လျှောက်လွှာကို မိတ္တူဆိုင်တွေမှာ အဆင်သင့်ဝယ်လို့ရတဲ့  အလုပ်လျှောက်လွှာမျိုး ဝယ်မယ့်အစား တခြားသူတွေနဲ့ မတူတဲ့ အလုပ်လျှောက်လွှာမျိုး  ကိုယ်တိုင်ဖန်တီးယူတာက တခြားအလုပ်လျှောက်လွှာတွေထက် ထူးခြားနေစေမှာပါ။

(၅) အင်တာဗျူးကို ကံကောင်းထောက်မစွာနဲ့ အင်တာဗျူးဝင်ခွင့်ရခဲ့မယ်ဆိုရင်

အင်တာဗျူးသူ ကိုယ့်ကို သတိတရဖြစ်နေစေမယ့် အထင်ကြီးမှုမျိုး ကျန်ရစ်နိုင်အောင် ထားခဲ့ဖို့ အရေးကြီးပါတယ်။ အင်တာဗျူးကို စောစောရောက်အောင်သွားပါ။ လျှောက်ထားတဲ့ရာထူးနဲ့ ညီမျှတဲ့ ဝတ်စားဆင်ယင်မှုမျိုး ဝတ်ဆင်ပါ။ အလုပ်လျှောက်လွှာ ကော်ပီတစ်စောင် အဆင်သင့်ဆောင်သွားပါ။ ကိုယ့်ကိုယ်ကို ရောင်းဖို့ မကြောက်ပါနဲ့။ အင်တာဗျူးမေးတဲ့သူက မေးသမျှကို အကောင်းဆုံး အဖြေတွေ ပေးနိုင်ဖို့ အတွက် လျှောက်ထားတဲ့ ကုမ္ပဏီနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို  ကြိုတင်လေ့လာထားသင့်ပါတယ်။

(၆) တံတားတွေကို မရိုက်ချိုးဖြစ်ပါနဲ့

သင့်ကို အလုပ်ရှင်အသစ်က အလုပ်ခန့်ဖို့ စဉ်းစားနေတဲ့အခါမှာ သင့်ရဲ့ အရင်အလုပ်ရှင်ကို ဖုန်းခေါ်နိုင်ပါတယ်။ ဒါကြောင့် ဘာအလုပ်ကိုပဲဖြစ်ဖြစ် သင့်ဘက်က အကောင်းဆုံး လုပ်ဆောင်ဖို့ က အရေးကြီးပါတယ်။

စိတ်ကူးနဲ့ လက်တွေ့ တစ်သားတည်းကျနိုင်ကြပါစေရှင့်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly