One Direction အဖွဲ့ဝင်ဟောင်း Liam Payne ပရိသတ်များအတွက် ပထမဆုံး တစ်ကိုယ်တော် တေးသီချင်းအယ်လ်ဘမ် နမူနာ ထုတ်လွှင့်ပေးခဲ့

One Direction အဖွဲ့ဝင်ဟောင်း Liam Payne ပရိသတ်များအတွက် ပထမဆုံး တစ်ကိုယ်တော် တေးသီချင်းအယ်လ်ဘမ် နမူနာ ထုတ်လွှင့်ပေးခဲ့

 One Direction အဖွဲ့ဝင်ဟောင်း  Liam Payne သည် အဖွဲ့မှ ထွက်ခွာလာခဲ့သည့် အချိန်မှစ၍ ၎င်း၏ပထမဆုံး တစ်ကိုယ်တော် တေးသီချင်းအယ်လ်ဘမ်  နမူနာကို ပရိတ်သတ်များအတွက် ထုတ်လွှင့်ပေးခဲ့သည်။

အသက် ၂၃ နှစ်အရွယ်ရှိ  Liam Payne သည်  အဖွဲ့ဝင်ဟောင်းများဖြစ်သော နီအဲလ်ဟိုရန် နှင့် ဇေယန်မာလစ်ခ်ပြီးနောက် တစ်ကိုယ်တော် တေးအယ်လ်ဘမ် ထွက်ရှိမည့် တတိယမြောက် အဖွဲဝင် တစ်ဦးဖြစ်သည်။

တေးသီချင်းနမူနာ အော်ဒီယိုဖိုင်ကို  အင်စတာဂရမ်တွင် တင်ခဲ့ရာ ကြည့်ရှုမှု အကြိမ်ရေ ၇၀၀ ၀၀၀ ကျော်ရှိခဲ့သည်။

အဆိုပါ တေးသီချင်းသည် လက်ရှိတွဲနေသော ချစ်သူ ချယ်ရီကိုးလ် နှင့် ၎င်း၏ ဆက်ဆံရေးအကြောင်း  ၊ မကြာသေးမီက လမ်းခွဲပြတ်စဲခဲ့သော တစ်စုံတစ်ယောက်နှင့် ပတ်သက်သော ဝမ်းနည်းပူဆွေးမှု အကြောင်းကို ရေးဖွဲ့ထားပုံရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags