လက်စတာတိုက်စစ်မှူး အိုကာဇာကီကို အေစီမီလန်စိတ်ဝင်စား

လက်စတာတိုက်စစ်မှူး အိုကာဇာကီကို အေစီမီလန်စိတ်ဝင်စား

အောက်တိုဘာ ၃၁၊ မီလန်။              ။ အေစီမီလန်အသင်းသည် လက်စတာတိုက်စစ်မှူး အိုကာဇာကီကို ဆောင်းရာသီအပြောင်းအရွှေ့ကာလအတွင်းခေါ်ယူရန် စိတ်ဝင်စားနေသည်။

အိုကာဇာကီအနေဖြင့် ဂျပန်တစ်နိုင်ငံတည်းသားဖြစ်ပြီး လာမည့်နွေရာသီတွင် အေစီမီလန်နှင့်စာချုပ်သက်တမ်းကုန်မည့် ဟွန်ဒါ၏နေရာတွင် အစားထိုးခံရရန် အေစီမီလန်အသင်း၏ စိတ်ဝင်စားခံရခြင်းဖြစ်ဖွယ်ရှိသည်။

အိုကာဇာကီသည် လက်စတာအသင်းနှင့် ၂၀၁၉ ထိစာချုပ်သက်တမ်းရှိနေပြီး ပရီးမီးယားလိဂ်လက်ရှိချန်ပီယံ လက်စတာ အသင်း၏ ချန်ပီယံလိဂ်လူစာရင်း၌လည်း ပါဝင်နေသည်။

လက်စတာအသင်းတွင် ခြေစွမ်းပြနေပြီး ရေနီယာရီ၏အားကိုးခြင်းခံထားရသော အိုကာဇာကီကိုခေါ်ယူရန်ခက်ခဲမည်ဖြစ်သော် လည်း အေစီမီလန်အသင်းအနေဖြင့် ခေါ်ယူနိုင်ခြင်းရှိမရှိ စမ်းသပ်ဖွယ်ရှိနေသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly