အဆိပ်ဖြစ်စေသည့် လေ ရှုရှိုက်နေရသည့် ကလေးငယ်ပေါင်း သန်း ၃၀၀ ရှိကြောင်း ယူနီဆက်ဖ်ပြော

အဆိပ်ဖြစ်စေသည့် လေ ရှုရှိုက်နေရသည့် ကလေးငယ်ပေါင်း သန်း ၃၀၀ ရှိကြောင်း ယူနီဆက်ဖ်ပြော

ဝါရှင်တန်၊ အောက်တိုဘာ ၃၁ ။                   ။ ကိုယ်ပိုင်းဆိုင်ရာ ထိခိုက်မှုနှင့် ဦးနှောက်ဖွံ့ဖြိုးမှုတို့ကို ထိခိုက်မှုဖြစ်စေနိုင်သည့် လေထုညစ်ညမ်းမှုတွင် နေထိုင်နေရသည့် ကလေးငယ်ပေါင်း သန်း ၃၀၀ နီးပါးရှိနေကြောင်း ယူနီဆက်ဖ်က အောက်တိုဘာ ၃၁ ရက် ထုတ်ပြန်သည်။

ကုလသမဂ္ဂကလေးများရန်ပုံငွေ ယူနီဆက်ဖ်၏ သုတေသနပြုချက်အရ နိုင်ငံတကာစံချိန်စံညွန်းနှင့် ခြောက်ဆကျော် ပိုမိုသန့်ရှင်းမှု မရှိသော လေကို ကမ္ဘာပေါ်တွင် ကလေးခုနစ်ဦးတွင် တစ်ဦးနှုန်း ရှုရှိုက်နေရကြောင်း သိရသည်။

ကုလသမဂ္ဂ၏ ရာသီဥတုပြောင်းလဲမှု ဆွေးနွေးပွဲများမတိုင်မီ ယူနီဆက်ဖ်က ယခုသုတေသနကို ထုတ်ပြန်ခြင်းဖြစ်သည်။ ကုလသမဂ္ဂ၏ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ  ဆွေးနွေးပွဲများအား  မော်ရိုကိုတွင်   နိုဝင်ဘာ ၇ မှ ၁၈ ရက်အထိ ကျင်းပရန်ရှိသည်။

ကလေးငယ်များအရေး ဆောင်ရွက်သည့် ယူနီဆက်ဖ်အဖွဲ့က ကမ္ဘာ့ခေါင်းဆောင်များအား နိုင်ငံများအနေဖြင့် လေထုညစ်ညမ်းမှု လျှော့ချရေးကို အရေးတကြီး ကိုင်တွယ်ဆောင်ရွက်ရန် ဖိအားပေး   ပြောဆိုသည်။

“လေထုညစ်ညမ်းမှုက နှစ်စဉ် ငါးနှစ်အောက် ကလေးငယ် ခြောက်သိန်းနီးပါး သေဆုံးရသည့် အဓိကအကြောင်းရင်းခံတစ်ရပ်လည်းဖြစ်ပါတယ်။ နေ့စဉ်နဲ့အမျှ သန်းပေါင်းများစွာသော ဘဝတွေ၊ အသက်တွေကို ခြိမ်းခြောက်လို့ နေပါတယ်။”ဟု ယူနီဆက်ဖ်၏ အမှုဆောင်ဒါရိုက်တာ အန်တိုနီလိတ်က ပြောသည်။

“လေထုညစ်ညမ်းမှုက ကလေးငယ်တွေရဲ့ အဆုတ်ဖွံ့ဖြိုးမှုကိုပဲ ထိခိုက်စေတာမဟုတ်ဘူး။ ဦးနှောက်သွေးစီးဆင်းမှုကိုလည်း အတားအဆီးတွေဖြစ်စေပြီး ဦးနှောက်ဖွံ့ဖြိုးမှုကိုလည်း ထိခိုက်စေတယ်။ ဒါကြောင့် လေထုညစ်ညမ်းမှုနဲ့ ပတ်သက်ရင် ဘယ်နိုင်ငံ ဘယ်အဖွဲ့အစည်းကမျှ လက်ရှောင်လို့ မရဘူး။”ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags