မြန်မာ့ရာဘာစျေးနှုန်း ဦးမော့လာ

မြန်မာ့ရာဘာစျေးနှုန်း ဦးမော့လာ
ပဲခူးတိုင်းဒေသအတွင်းရှိ ရော်ထုတ်လုပ်သော အသေးစား စီးပွားရေးလုပ်ငန်းတစ်ခုကိုတွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်)

အချိန်လေးနှစ်ကျော် အကျဘက်ကိုသာဦးတည်နေတဲ့ ရာဘာဈေးတွေက ဒီနှစ်ရာသီချိန်မှာ ဈေးကောင်းရရှိနေတယ်လို့ မြန်မာနိုင်ငံရာဘာစိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းဒု-ဥက္ကဌဖြစ်တဲ့ ဦးမျိုးသန့်က ပြောပါတယ်။

မြန်မာ့ရာဘာဈေးကျဆင်းခဲ့တဲ့ သိပ်မကြာသေးခင်ကအချိန်ကဆိုရာဘာတစ်ပေါင်ကိုကျပ် ၅၀၀ကျော်သာရရှိခဲ့တာဖြစ်ပြီး ဒီနှစ် ရာသီအချိန်မှာရာ ဘာတစ်ပေါင်ကို ကျပ် ၇၀၀ ကျော်ရရှိခဲ့တာကြောင့် ရာဘာစိုက်ပျိုးထုတ်လုပ်သူတွေ ပြန်လည် ဦးမေ့လာနိုင်တဲ့ အခြေအနေလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း ဒုတိယဥက္ကဌ ဦးမျိုးသန့်က "အဆိုးဆုံးကာလကိုကျော်ပြီး တဖြေးဖြေးကောင်းလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်" လို့ ခန့်မှန်းပြောဆိုလိုက်ပါတယ်။

ရာဘာဈေးတက်ချိန်မှာ နိုင်ငံတကာဈေးရရှိနိုင်ဖို့ ပြင်ဆင်မှုတွေကိုလည်း စတင်ပြုလုပ်နေတယ်လို့ သိရပါတယ်။ မြန်မာ့ရာဘာအသင်းအနေနဲ့ နိုင်ငံတကာစံနှုန်းအတိုင်းဈေးရရှိနိုင်အောင် ၂၀၁၃ခုနှစ်ကစပြီး လုပ်ဆောင်နေခဲ့တာဖြစ်ပြီး ၂၀၁၆ ခုနှစ်အကုန်ပိုင်းမှာတော့ နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်ရအောင် လုပ်ဆောင်သွားမယ်လို့လည်းအသင်းရဲ့ ဗဟိုအလုပ်အမှုဆောင်ဖြစ်သူကပြောပြပါတယ်။

မြန်မာနိုင်ငံရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းရဲ့ ဗဟိုအလုပ်အမှုဆောင်ဖြစ်သူ ဦးအုန်းသန်းကလည်း "မြန်မာ့ Standard ရာဘာဆိုတာကို စမ်းသပ်ပြီးတော့ ဒီစံတွေအတိုင်းကိုအတည်ပြုချက်ယူမယ် အတည်ပြုချက်ယူပြီးရင် အစိုးရဌာနကနေပြီးတော့ စံအတိုင်းထုတ်ဖို့ကို သူတို့အမိန်ကြော်ငြာစာတွေ ထွက်မယ်၊ အဲဒီအမိန့် ကြော်ငြာစာ ထွက်ပြီးရင် TSR ထုတ်တဲ့စက်ရုံတွေက ဒီစံအတိုင်းထုတ်ရမယ်။ ပြီးရင် ကျွန်တာ်တို့စီမှာအစစ်ဆေးခံပြီးတော့မှ Exportလုပ်ရမယ်ဆိုရင် ကျွန်တော်တို့စီကလက်မှတ်ရပြီးရင် နိုင်ငံတကာအသိအမှတ်ပြု ကွာလတီဖြစ်သွားပြီ။" လို့ ရှေ့ဆက်လုပ်ဆောင်မယ့် စီမံချက်တစ်ခုကို ဖွင့်ဟပြောဆိုပါတယ်။

ဈေးနှုန်းကောင်းကောင်းရရှိဖို့ နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်လိုသလို့ တစ်ဧကအထွက်နှုန်းတိုးတက်ဖို့လည်း လိုပါတယ်။ လက်ရှိမြန်မာနိုင်ငံကထွက်ရှိတဲ့ အစေးထွက်ရှိမှုက   နိုင်ငံတကာထွက်နှုန်းနဲ့ နှိုင်ယှဉ်ရင် ထက်ဝက်လောက် ကွားခြားနေတာကြောင့် ထွက်နှုန်းကောင်းတဲ့ မျိုးတွေကိုရွှေးချယ်ပြီးစိုက်ပျိုးသင့်တယ်လို့ပြောပါတယ်။

မြန်မာနိုင်ငံရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းရဲ့ အကြံပေးဖြစ်သူ ဦးလှမြင့်က "အခုဟာလွန်ခဲ့တဲ့ နှစ်(၂၀) လောက်ကထောက်ခံထားတဲ့ အတိုင်းဘဲအခုချိန်ထိရှိနေတယ် အဲဒီလွန်ခဲ့တဲ့ နှစ် (၂၀) လောက်ကထောက်ခံထားတဲ့ မျိုးတွေက ပြန်ပြီးတော့ Update လုပ်ရမယ် ဒါပေမယ့် အခုအချိန်ထိတော့ နှစ် (၂၀) အတွင်းမှာUpdate မလုပ်ရသေးဘူးအပ်ဒိတ်မလုပ်ရသေးပေမယ့် အဲဒီမျိုးတွေကနိုင်ငံခြားကအခုဝင်လာပြီးတော့ အမျိုးမျိုးပြောပြီးတော့ ရောင်းနေတဲ့ မျိုးတွေနဲ့ စာရင် စိတ်ချရတယ် သူကသေချာပေါက်စံမှီတဲ့ ဟာတွေ ဖြစ်တယ်။" လို့ ပြောပါတယ်။

မြန်မာ့ရာဘာကိုတင်ပို့ရာမှာတရုတ်နိုင်ငံကိုသာအဓိကထားတင်ပို့နေရတာ ဖြစ်ပါတယ်။ ၂၀၁၁-၂၀၁၂ခုနှစ်က အမေရိကန်ဒေါ်လာသန်းသုံးရာကျော် တင်ပိုနိုင်ခဲ့ပြီး ၂၀၁၅-၁၆ ခုနှစ်မှာတော့ အမေရိကန်ဒေါ်လာသန်းတစ်ရာကျော်သာ တင်ပို့နိုင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၄-၂၀၁၅ ခုနှစ်မှာရာဘာတန်ချိန် ခုနှစ်သောင်းခုနှစ်ထောင်ကျော် တင်ပို့နိုင်ခဲ့ပြီး ၂၀၁၅- ၂၀၁၆ ခုနှစ်မှာတော့ ရာဘာတန်ချိန် ရှစ်သောင်းကျော် တင်ပိုနိုင်ခဲ့ပါတယ်။ ရာဘာ စိုက်ပျိုးထုတ်လုပ်သူများအသင်း အနေနဲ့ ၂၀၁၆- ၁၇ ဘဏ္ဍာနှစ်အတွက် တန်ချိန် ကိုးသောင်းနဲ့ တစ်သိန်းကြားတင်ပို့သွားနိုင်ဖို့ မျှော်လင့်ထားတယ်လို့သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly