အီတလီအလယ်ပိုင်းတွင် အင်အား ရ ကျော်သည့် ငလျင်ကြီးလှုပ်

အီတလီအလယ်ပိုင်းတွင် အင်အား ရ ကျော်သည့် ငလျင်ကြီးလှုပ်

ရောမ၊ အောက်တိုဘာ ၃၀ ။           ။ အီတလီနိုင်ငံ အလယ်ပိုင်းတွင် အောက်တိုဘာ ၃၀ ရက်က ရစ်ချ်တာစကေး ၇ ဒဿမ ၁ အဆင့်ရှိ အင်အားကြီးငလျင်လှုပ်ခဲ့ကြောင်း အမေရိကန်ဘူမိတိုင်းတာရေးဌာနက ထုတ်ပြန်သည်။

ငလျင်အတွင်း သေကျေပျက်စီးမှု သတင်း လတ်တလော မကြားသိရသေးပေ။

ငလျင်ဗဟိုမှာ ပီရူဂီယာမြို့ အရှေ့အရှေ့တောင်ဖက် ၄၂ မိုင်အကွာတွင် မြေအောက် ၁၀၈ ကီလိုမီတာ၌ ဗဟိုပြုခြင်းဖြစ်ကြောင်း ယင်းဌာနက ထုတ်ပြန်သည်။

အောက်တိုဘာ ၂၆ ရက်ကလည်း ယင်းမြို့အရှေ့ဖက်တွင် အင်အား ၆ ဒဿမ ၄ အဆင့်ရှိ ငလျင်လှုပ်ခဲ့ပြီး ယခုငလျင်လှုပ်မှုကို မြို့တော် ရောမကပင် ခံစားသိရှိရသည်။

ပြီးခဲ့သည့် နှစ်လကျော်ခန့်က ယင်းဒေသ၌ ငလျင်လှုပ်ခဲ့၍ မြို့ငယ်တစ်ချို့ ပျက်စီးရပြီး လူပေါင်း ၃၀၀ နီးပါးသေဆုံးခဲ့ပြီးနောက် ယခုငလျင်များ လှုပ်ခြင်းလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly