ခရစ်တော်၏ ဂူသချိုင်္င်းအား ရာစုနှစ် နှစ်ခုအတွင်း ပထမဆုံးအဖြစ် ဖွင့်

ခရစ်တော်၏ ဂူသချိုင်္င်းအား ရာစုနှစ် နှစ်ခုအတွင်း ပထမဆုံးအဖြစ် ဖွင့်

ဂျေရုဆလင်၊ အောက်တိုဘာ ၃၀ ။              ။ ဂျေရုဆလင်ရှိ မြင့်မြတ်သောဂူသချိုၤင်းကျောင်းတော်တွင် တမန်တော် ယေရှု၏ အုတ်ဂူဖြစ်နိုင်သည်ဟု ခရစ်ယာန်များက ယုံမှတ်ထားသော ဂူအား ရာစုနှစ် နှစ်ခုအတွင်း ပထမဆုံးအဖြစ် ထိန်းသိမ်းရေးပညာရှင်များက ဖွင့်ကြည့်ခဲ့ကြသည်။

ထိုနေရာ လက်ရှိ ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်နေခြင်းကြောင့် ယခုကဲ့သို့ ဖွင့်လှစ်ကြည့်ရှုဖြစ်ခြင်းဖြစ်ရာ သမိုင်းတင်ဖြစ်ရပ်ကို မြင်ခွင့်ရသူအဖြစ် အေအက်ဖ်ပီသတင်းဓာတ်ပုံဆရာ ဂါလီတက်ဘ်ဘွန်က အေဒီ ၃၃ ခုက ယေရှု လဲလျောင်းတော်မူရာ ဖြစ်ဖွယ်ရှိသည့် ဂူသချိုၤင်းအား မှတ်တမ်းတင် ဓာတ်ပုံရိုက်နိုင်ခဲ့သည်။

ခရစ်ယာန်များ၏ အထွဋ်အမြတ်ထားရာ နေရာများအနက် တစ်နေရာဖြစ်သည့် ယခု ဂူသချိုၤင်းကို မာဘယ်ကျောက်ပြားများဖြင့် ဖုံးအုပ်ထားခြင်းဖြစ်ကာ ပြန်လည်ထိန်းသိမ်းရေးနှင့်   ရှေးဟောင်းသုတေသနလုပ်ငန်း  နှစ်ရပ်စလုံးအရ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ယင်းနေရာရှိ ပညာရှင်များက အေအက်ဖ်ပီသို့ ပြောသည်။

ယခု ဂူသချိုၤင်း အဖုံးအကာကို ဖွင့်ခွာခြင်းသည် ၁၈၁၀ ခုနှစ်နောက်ပိုင်း ပထမဆုံးလည်းဖြစ်သည်။ ၁၈၁၀ ခုနှစ်က ယင်းနေရာတွင် မီးလောင်ခြင်းကြောင့် ပြန်လည်ပြုပြင်မှု လုပ်ဆောင်ခဲ့ဖူးကြောင်း ဘုရားကျောင်း ထိန်းသိမ်းရေးတာဝန်ခံ ဘုန်းတော်ကြီး ဆမ်မြူရယ်က ပြောသည်။

အဖုံးအကာ မာဘယ်ကျောက်ပြားအား ဖွင့်လှစ်ရသရွှေ့ မြင်ရသလောက်မှာ ယေရှုခရစ်တော်ပုံအား ရေးဆွဲထားသည်ကို တွေ့မြင်ရသည်။

အောက်ခြေတွင် အပျက်အစီးနှင့် အရာဝတ္ထုပစ္စည်းများကိုလည်း တွေ့မြင်ရပြီး နောက်ထပ်သုတေသနများ လုပ်ဆောင်လျက်ရှိကြောင်း ဘုန်းတော်ကြီး ဆမ်မြူရယ်က ဆိုသည်။

“ရာစုနှစ်များစွာ ပြောဆိုလာခဲ့တဲ့ သမိုင်းဖြစ်ရပ်အပေါ် ယခုသုတေသန ပြုလုပ်လျက်ရှိတာပဲဖြစ်ပါတယ်။”ဟု ၎င်းက အေအက်ဖ်ပီသို့ ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly