ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းက လမ်းများကို အဆင့်မြှင့်တင်သွားမည်

ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းက လမ်းများကို အဆင့်မြှင့်တင်သွားမည်

ရန်ကုန်၊ အောက်တိုဘာ ၂၉ ။             ။ ဂုံးကျော်တံတားစီမံကိန်း ၂ ခု ဖျက်သိမ်းထားသည့်အထဲမှ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွက် ရရှိသည့် ဘတ်ဂျက် သိန်းတစ်ထောင်ကို အသုံးပြုကာ လမ်းများကို အဆင့်မြှင့် တင်သွားမည် ဖြစ်ကြောင်း ဆိပ်ကြီးခနောင်တိုမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဆွေက မဇ္ဈိမသို့ ပြောသည်။

"လောလောဆယ်တော့ လမ်းတွေပဲ၊ တစ်မြို့နယ်လုံးမှာရှိတဲ့ လမ်းတွေပေါ့၊ ကွန်ကရစ်လမ်းပါတယ်၊ မြေသား လမ်းပါ တယ်။ တစ်ချို့ မရှိသေးတဲ့ လမ်းတွေကို ကွန်ကရိခင်းမယ်၊ ရှိပြီးသားလမ်းတွေကို ကျဉ်းတဲ့ဟာ ချဲ့မယ်" ဟု ဦးသန်းဆွေ က ပြောသည်။

အဆိုပါ ဘတ်ဂျက် သိန်းတစ်ထောင်သည် ပါရမီလမ်းဆုံနှင့် မြောက်ဥက္ကလာပလမ်းဆုံ ဂုံးကျော်တံတား တည်ဆောက် ရေး စီမံကိန်းတို့ကို ဖျက်သိမ်းလိုက်ခြင်းကြောင့် ပိုလျှံလာသည့် ကျပ်ငွေ ၃၂ ဘီလီယံထဲမှ ခွဲဝေရရှိခြင်းဖြစ်ကြောင်း သိရ သည်။

၎င်း ကျပ်ငွေ ၃၂ ဘီလီယံကို ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်ပြင်ပ မြို့နယ် ၁၂ မြို့နယ်ကို ခွဲဝေပေးခြင်းဖြစ် ပြီး တစ်မြို့နယ်လျှင် ၂ ဘီလီယံကျော် ရရှိကြောင်း ဦးသန်းဆွေ၏ ပြောပြချက်အရ သိရသည်။

ယင်းသို့ ခွဲဝေပြီးနောက် ပိုလျှံသည့်ငွေများကို ထပ်မံခွဲဝေရာ ဆိပ်ကြီးခနောင်တိုမြို့နယ်နှင့် ဒလမြို့နယ်က သိန်းတစ် ထောင်စီရရှိကြောင်း သိရသည်။

 အဆိုပါ ကျပ်ငွေသိန်းတစ်ထောင်အား ဆိပ်ကြီးခနောင်တိုမြို့နယ် အတွင်းရှိ ရပ်ကွက် ၉ ရပ်ကွက်ကို သိန်း ၁၁၀ ဆီ ခွဲဝေကာ လမ်းများအားလုံးကို အဆင့်မြှင့်တင်ဆောင်ရွက် သွားမည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly