ခြင်ပြေးစနစ် နည်းပညာပါ၀င်သော LG LED TV နှင့် Inverter Aircon တို့ကို မိတ်ဆက်

ခြင်ပြေးစနစ် နည်းပညာပါ၀င်သော LG LED TV နှင့် Inverter Aircon တို့ကို မိတ်ဆက်

ရန်ကုန်၊ အောက်တိုဘာ၂၉ ။              ။ TMW Enterprise Limited နှင့်LG Electronics Myanmar တို့ ပူးပေါင်းပြီး ကမ္ဘာပေါ်တွင် (၇ ) ဆိုင်မြောက် LG Premium Brand Shop ဖွင့်ပွဲအခမ်းအနား ကို အောက်တိုဘာ ၂၉ ရက်နေ့တွင် ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ TMW Complex ၌ ကျင်းပ ပြုလုပ်ခဲ့သည်။  

                            

LG Premium Brand Shop တွင် LG 77" OLED TV နှင့် ခြင်ပြေးစနစ်နည်းပညာပါဝင်သော LG LED TV ၊ Inverter Aircon တို့ကို စတင်မိတ်ဆက်ခဲ့ပြီး LG Electronics ပစ္စည်းမျိုးစုံနှင့် LG Mobile Phone Handset များကို ပြသရောင်း ချခဲ့သည်။

အဆိုပါ မိတ်ဆက်ပွဲတွင် LG Mosqutio Away LED TV၊ Inverter Aircon နှင့်ပက်သက်၍ တာဝန်ရှိသူတစ်ဦး က " ခြင်ကြောင့်ဖြစ်ရတဲ့ ရောဂါတွေက အရမ်းများတယ်။ ခြင်တွေကို ကျွန်တော်တို့ နည်းမျိုးစုံနဲ့ ကာကွယ်ကြတယ်၊ ဒါပေမယ့် ဒီနည်းလမ်းတွေက ခြင်တော့မကိုက်ဘူး။ ကိုယ့်အတွက် safe ဖြစ်ရဲ့လားပေါ့၊ ခြင်မကိုက်ပေမယ့် တခြားနည်းလမ်းနဲ့ side affect ဖြစ်လာတာတွေ ရှိတယ်။ ခြင်ဆေးကြောင့်ဖြစ်တဲ့ မီးဘေးအန္တရာယ်တို့လိုမျိုးပေါ့၊ ဒါကြောင့် LG ကနေ ခြင်ပြေးတဲ့ TV နဲ့ Aircon ကို မိတ်ဆက် ပေးလိုက်ပါတယ်" ဟု ဆိုသည်။  

 

အဆိုပါ ခြင်ပြေးစနစ် နည်းပညာသည်  ဓာတုပစ္စည်းများကို အသုံးပြုပြီး ခြင်ပြေးစေခြင်းမျိုးမဟုတ်ဘဲ ခြင်များ မခံနိုင်သည့် နှုန်းလွန်အသံလှိုင်း အသုံးပြုပြီး ခြင်များကို အဝေးသို့ထွက်ပြေးစေခြင်း ဖြစ်သည်။  

ထိုအသံလှိုင်းများသည် လူများအတွက်  အန္တရာယ်မဖြစ်စေဘဲ ထိုသို့အန္တရာယ် မဖြစ်စေကြောင်းကိုလည်း နိုင်ငံတကာ အဖွဲ့အစည်းများမှ အသိပြုလက်မှတ်များ  Intertek၊ CE Certificate၊ TUV NORD စသည်တို့ကိုရရှိ ထားကြောင်း ၎င်းက ဆိုသည်။                                                                    

Grand Opening အထိမ်းအမှတ် အနေဖြင့် Promotion များကို အောက်တိုဘာ ၂၉ရက်နေ့မှ စပြီး နိုဝင်ဘာ ၂ရက် နေ့ အထိ ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။        

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly