ရွှေတိဂုံစေတီကို ဒရုန်း ရိုက်ကူးယာဉ်ဖြင့် ရိုက်ပါက ပစ်ချဖျက်ဆီးခံရမည်

ရွှေတိဂုံစေတီကို ဒရုန်း ရိုက်ကူးယာဉ်ဖြင့် ရိုက်ပါက ပစ်ချဖျက်ဆီးခံရမည်

ဒရုန်းရိုက်ကူးရေးယာဉ်ကို အသုံးပြုလျက် အကြမ်းဖက် အဖွဲ့အစည်းများမှ အကြမ်းဖက်မှုများ ပြုလုပ်လာနိုင်သည့်အတွက် ရွှေတိဂုံစေတီကို ဒရုန်း ရိုက်ကူးရေးယာဉ်ဖြင့် ရိုက်ကူးမှုကို တားမြစ်ထားပြီး ဒရုန်းယာဉ် စေတီတော် ဧရိယာအတွင်း ဝင်ရောက်လာပါက ပစ်ချမည်ဟု ရွှေတိဂုံဂေါပက အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။

“ဘုရားဖူး ပြည်သူတွေ ကမ္ဘာလှည့် ခရီးသည် လုံခြုံရေးအတွက်ပါ ဒရုန်းတွေ စေတီတော်ထဲ တက်လာတာနဲ့ ပစ်ချလို့ရမယ့် ကိရိယာ အမြန်ဝယ်ယူမှာပါ” ဟု ၎င်းကဆိုသည်။

ရွှေတိဂုံ စေတီတော်ကြီး အတွက် အလှူရင်များ၏ တစ်ရက်တာ လှူဒါန်းထည့်ဝင်ငွေမှာ သိန်း ၂၀၀ နှင့် သိန်း ၅၀၀ ကြားရှိသည့်အတွက် လုံခြုံရေး အထောက်အကူပြု ပစ္စည်းများ ဝယ်ယူနိုင်သည်ဟုလည်း ဆိုသည်။

ဒရုန်းယာဉ်များဖြင့် ဓာတ်ပုံ ရိုက်ကူးခြင်း၊ ရုပ်သံ ရိုက်ကူးခြင်းများ ပြုလုပ်နိုင်ပြီး အပျော်တမ်း သုံးစွဲသည်ဟု လူသိများကြသော်လည်း အကြမ်းဖက်မှုများကို ဒရုန်းယာဉ်ဖြင့် ပြုလုပ်လာနိုင်သည့်အတွက် ရိုက်ကူးခွင့် တားမြစ်ခြင်းဟုလည်း ဦးဝင်းကြိုင်က ပြောသည်။

ဒရုန်းဖြင့် ရိုက်ကူးမှုကို မြန်မာနိုင်ငံရှိ အကျဉ်းထောင်အချို့တို့တွင်လည်း တားမြစ်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly