ကုလသမဂ္ဂညီလာခံ၌ ကံတော်ကုန် ထိုင်းဘုရင်မင်းမြတ်အား အရိုအသေပြု

ကုလသမဂ္ဂညီလာခံ၌ ကံတော်ကုန် ထိုင်းဘုရင်မင်းမြတ်အား အရိုအသေပြု

ကုလသမဂ္ဂ၊ အောက်တိုဘာ ၂၉ ။            ။ အောက်တိုဘာ ၂၈ ရက်က ကုလသမဂ္ဂအထွေထွေညီလာခံ၌ ကံတော်ကုန် နတ်ရွာစံ ထိုင်းဘုရင်မင်းမြတ်အား ရည်ရွယ်ဂုဏ်ပြုကာ အရိုအသေပေးခဲ့ကြသည်။

နတ်ရွာစံဘုရင်ကြီး ဘူမိဘောသည် ဉာဏ်အမြော်အမြင်ကြီးမားကာ လူသားချင်းစာနာထောက်ထားမှု ပြည့်ဝသူဖြစ်ပြီး နိုင်ငံရေးမတည်ငြိမ်မှုနှင့် တင်းမာမှုများဖြစ်နေစဉ် ထိုင်းနိုင်အား တည်ငြိမ်အောင် ထိန်းသိမ်းခဲ့သူဖြစ်ကြောင်း အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောသည်။

ဘုရင်ဘူမိဘောသည် ဖွံ့ဖြိုးမှုများကို ဆောင်ကြဉ်းခဲ့သူဖြစ်ပြီး ၂၀၀၆ ခုနှစ်တွင် ကုလသမဂ္ဂလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးရာသက်ပန်ဆုအား ရရှိခဲ့သူဖြစ်ကြောင်း ဘန်ကီမွန်းက ချီးကျုးဂုဏ်ပြုသည်။

ကုလသမဂ္ဂအနေဖြင့် ဘုရင်ဘူမိဘော နတ်ရွာစံခြင်းအတွက် ၎င်းအား ချစ်မြတ်နိုးသော ပြည်သူများနှင့်အတူ ထပ်တူဝမ်းနည်းကာ ဂုဏ်ပြုပါကြောင်းလည်း ဘန်ကီမွန်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly