Teen Top အဖွဲ့ဝင် နီအယ်လ် ခေါင်းဆောင်မင်းသားနေရာမှ ပါ၀င် သရုပ်ဆောင်သွားမည်

Teen Top အဖွဲ့ဝင် နီအယ်လ် ခေါင်းဆောင်မင်းသားနေရာမှ ပါ၀င် သရုပ်ဆောင်သွားမည်

ဆိုးလ် ၊ အောက်တိုဘာ ၂၈ ။                 ။ တောင်ကိုရီးယား အမျိုးသားအဆိုတော်အဖွဲ့ Teen Top အဖွဲ့ဝင် နီအယ်လ်က “Descendants of the Airport” ဒရမ်မာ ဇာတ်ကားသစ်တွင်   ခေါင်းဆောင် မင်းသားနေရာမှ ပါဝင် သရုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကတိပြု ပြောကြားခဲ့သည်။

နီအယ်သည် အဆိုပါ ဒရမ်မာဇာတ်ကားတွင်  လေဆိပ်လုံခြုံရေး အရာရှိ  Seo Dae Won အဖြစ် ပါဝင်သရုပ်ဆောင်သွားမည် ဖြစ်သည်။

“Descendants of the Airport” ဒရမ်မာဇာတ်ကားသည် လေဆိပ်တွင် နေ့စဉ် ဖြစ်ပျက်နေသော အဖြစ်ပျက်များအကြောင်းကို ဇာတ်အိမ်ဖွဲ့ ရိုက်ကူးမည့် ဇာတ်ကားဖြစ်သည်။ နီအယ်လ်သည် တာဝန်ထမ်းဆောင်နေစဉ် ဆံပင်ရှည်ရှည်နှင့် လှပသော မိန်းကလေးတစ်ဦးနှင့် တွေ့ဆုံခဲ့သူ အလုပ်ကြိုးစားသော လုံခြုံရေးအရာရှိတစ်ဦးအဖြစ် သရုပ်ဆောင်သွားမည်ဖြစ်သည်။

“Descendants of the Airport” ဒရမ်မာဇာတ်ကားကို နိုဝင်ဘာ ၇ ရက်တွင် ထုတ်လွှင့်ပြသသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly