အမြန်ရေယာဉ်များ လိုက်နာရမည့် စည်းကမ်းချက်များအား စစ်ကိုင်းတိုင်း အစိုးရထုတ်ပြန်

အမြန်ရေယာဉ်များ လိုက်နာရမည့် စည်းကမ်းချက်များအား စစ်ကိုင်းတိုင်း အစိုးရထုတ်ပြန်
 စစ်ကိုင်းတိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွှန့်ဝင်း

မုံရွာ၊ အောက်တိုဘာ ၂၈ ။               ။ ချင်းတွင်းမြစ်အတွင်း ပြေးဆွဲကြမည့် ခရီးသည်တင်ရေယာဉ်များ လိုက်နာရမည့် စည်းကမ်းချက်များကို တိုင်းဒေသကြီး အစိုးရက အောက်တိုဘာ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် စုစုပေါင်း (၂၃)ချက်ပါဝင်ပြီး ခရီးသည်တင်အမြန်ရေယာဉ်များနှင့် ကုန်တင် အမြန် ယာဉ်များလိုက်နာရန်အတွက် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျပြေးဆွဲရေးကော်မတီ ဥက္ကဌ ဦးမျိုးညွှန့်ထွန်းက အတည်ပြုပြောကြားခဲ့သည်။

"လမ်းပန်းဆက်သွယ်ရေးဝန်ကြီးရဲ့ လက်မှတ်ထိုးနဲ့ ထုတ်ပြန်ခဲ့တာပဲဖြစ်ပါတယ်။ ရေယာဉ်တွေကို မထွက်ခွာ မီအသေအချာ စစ်ဆေးဖို့ မှာကြားထားပါတယ်။ စည်းကမ်းချက်တွေနဲ့ ကိုက်ညီမှုမရှိရင် မထွက်ခွာဖို့ တားမြစ် ထားပါတယ်။ စစ်တာကတော့ အရင်ကလည်းစစ်တယ်။ အခုလည်းစစ်နေပါတယ်"ဟု ၎င်းက ပြောသည်။

ရေယာဉ်များ မထွက်ခွာမီစစ်ဆေးရမည့် စည်းကမ်းချက်များတွင် ရေယာဉ်ဝန်ထမ်းများ အရက်သေစာနှင့် မူးယစ်ဆေးမသုံးစွဲရန်၊ ကျန်းမာရေးကောင်းမွန်ပြီး အလုပ်လုပ်နိုင်ခြင်းရှိစေရန်၊ သက်မှတ်ထားသည့် ခရီးသည် ဦးရေထက် ပိုပြီးမတင်ဆောင်ရန်၊ နံနက် ၆ နာရီနှင့် ညနေ ၆ နာရီအတွင်းသာ ပြေးဆွဲရန်၊ စသည့်အချက်တို့ ပါဝင်သည်။

အောက်တိုဘာ ၁၅ ရက်က ကနီမြို့နယ်၊ မိချောင်းတွင်းကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော ခရီးသည်(၇၃)ဦး သေ ဆုံးခဲ့ရသည့် ရေယာဉ်နစ်မြုပ်မှုနှင့် စပ်ဆက်ပြီး ယင်းကြေညာချက်ကိုထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး လိုက်နာမှု မရှိပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျပြေးဆွဲရေး ကော်မတီတွင် တရားဝင်မှတ်ပုံတင်ထားသည့် ခရီးသည်တင် အ မြန်ရေယာဉ် အစီး ၁၀၀ ကျော်နှင့် ကုန်တင်ယာဉ် အစီး ၄၀၀ ကျော်ရှိကြောင်း ယင်းကော်မတီမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly