တောင်ဝင်ရိုးစွန်းဒေသတွင် ကမ္ဘာ့အကြီးဆုံး ပင်လယ်ရေကြောင်း ထိန်းသိမ်းကာကွယ်ရေး ဧရိယာ ထူထောင်ရန် သဘောတူညီမှုရ

တောင်ဝင်ရိုးစွန်းဒေသတွင် ကမ္ဘာ့အကြီးဆုံး ပင်လယ်ရေကြောင်း ထိန်းသိမ်းကာကွယ်ရေး ဧရိယာ ထူထောင်ရန် သဘောတူညီမှုရ

အောက်တိုဘာ ၂၈ ။         ။ တောင်ဝင်ရိုးစွန်းဒေသတွင် ကမ္ဘာ့အကြီးဆုံး ပင်လယ်ရေကြောင်းကာကွယ်ရေး ဧရိယာတစ်ခု ထူထောင်ရေး သမိုင်းဝင်သဘောတူညီချက်ကို အောက်တိုဘာလ ၂၈ ရက်က အတည်ပြုနိုင်ခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ အန္တာတိက ပင်လယ်ရေကြောင်း သက်ရှိရင်းမြစ်များ ထိန်းသိမ်းကာကွယ်ရေး ကော်မရှင်က ယင်းသဘောတူညီချက်ကို ချုပ်ဆိုနိုင်ခဲ့ခြင်းဖြစ်သည်။

ရုရှနိုင်ငံက ကာလကြာ ကန့်ကွက်ဆန့်ကျင်မှုကို ရုပ်သိမ်းလိုက်ပြီးနောက် အောက်တိုဘာ ၂၈ ရက်တွင် သဘောတူညီချက်ရခဲ့ခြင်းဖြစ်သည်။

အန္တာတိကပင်လယ်ရေကြောင်း သက်ရှိရင်းမြစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး CCAMLR အဖွဲ့က လက်မှတ်ရေးထိုးချုပ်ဆိုခဲ့သော ယင်းသဘောတူညီချက်အရ ယင်းဒေသတွင် စတုရန်းမိုင် ၆၀၀,၀၀၀ အကျယ်အဝန်းရှိ ထိန်းသိမ်းကာကွယ်ရေးဇုန် ထူထောင်မည်ဖြစ်ပြီး ယင်းဇုန်၏ အကျယ်အဝန်း လေးပုံပုံ သုံးပုံလောက်ကို ငါးမဖမ်းရဇုန်အဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီး မူရေးမက်ကော်လီက ပြောသည်။

"CCAMLR အဖွဲ့ဝင် နိုင်ငံ ၂၅ နိုင်ငံစလုံးရဲ့ တစ်ညီတစ်ညွတ်ထဲ ထောက်ခံမှုရဖို့အတွက်တော့ မူလအဆိုပြုချက်ထဲမှာ တစ်ချို့တလေကိုတော့ အပြောင်းအလဲတွေ လုပ်ပေးခဲ့ရပါတယ်၊   နောက်ဆုံး သဘောတူညီချက်ထဲမှာတော့ ရေကြောင်းဆိုင်ရာ ထိန်းသိမ်းကာကွယ်ရေး၊ ရေရှည်တည်တံ့မယ့် ငါးဖမ်းစနစ်နဲ့အတူ သိပ္ပံဆိုင်ရာ ကိစ္စရပ်တွေကို ချိန်ညှိဆောင်ရွက်ကြဖို့ ကိစ္စတွေပါရှိပါတယ်" ဟု ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags