ဒေါ်အောင်ဆန်းစုကြည်အား Helen Keller International Humanitarian Award 2016 ပေးအပ်

ဒေါ်အောင်ဆန်းစုကြည်အား Helen Keller International Humanitarian Award 2016 ပေးအပ်
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(အောက်တိုဘာ ၂၇ရက်၊ ၂၀၁၆ခုနှစ်)။ ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား Helen Keller International Humanitarian Award 2016 ပေးအပ်သည့် အခမ်းအနားကို နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် အောက်တိုဘာ ၂၇ရက်၊ ညနေပိုင်းက ပြုလုပ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် လူသားချင်းစာနာထောက်ထားမှုကိစ္စရပ်များတွင် ထူးချွန်စွာ အာရုံစိုက်နှစ်မြှုပ်ဆောင်ရွက်ခဲ့သည်ကို အသိအမှတ်ပြုသည့်အနေဖြင့် Helen Keller International Europe ဥက္ကဌ Dr. Howard Cohn က အဆိုပါ Helen Keller International Humanitarian Award 2016 အား ပေးအပ်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly