အောက်တိုဘာ ၂၇ ။ ။ ကုမ္ပဏီထုတ် Galaxy Note 7 ဖုန်းဘထ္ထရီ မီးလောင်ပေါက်ကွဲမှုဖြစ်စဉ်များကြောင့် ယင်းဖုန်းများကို ဈေးကွက်ထဲမှ ပြန်သိမ်းခဲ့ရပြီးနောက် တောင်ကိုရီးယား အီလက်ထရောနစ်ကုမ္ပဏီ Samsung ၏ အကျိုးအမြတ်ရရှိမှု ကျဆင်းသွားခဲ့သည်။
လုပ်ငန်းအသားတင်အကျိုးအမြတ်ရရှိမှုမျာ ယခုနှစ် တတိယသုံးလပတ်အတွင်းက တစ်နှစ်ထက်တစ်နှစ် ၁၆ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း အောက်တိုဘာ ၂၇ ရက်က Samsung က ထုတ်ပြန်ကြေညာသွားသည်။
ပြီးခဲ့သည့် စက်တင်ဘာလက ထုတ်ပြန်ခဲ့ရသည့် ယင်း Note 7 ဖုန်း ပြန်သိမ်းခဲ့ရသည့်ဖြစ်စဉ်သည် ကုမ္ပဏီအတွက် အထိနာဆုံးသော ဖြစ်ရပ်တစ်ခုလည်း ဖြစ်လာခဲ့သည်။
ဇူလိုင်လနှင့် စက်တင်ဘာလအတွင်း ကုမ္ပဏီ၏ အသားတင်အကျိုးအမြတ်ရရှိမှုမှာ ယူရို ၃ ဒသမ ၆၆ ဘီလီယံ (ဒေါ်လာ ၄ ဘီလီယံ) ဖြစ်သည်ဟု အောက်တိုဘာ ၂၇ ရက် ထုတ်ပြန်ချက်အရ သိရသည်။