Galaxy Note 7 ဖုန်းစျေးကွက်ထဲကနေ ပြန်သိမ်းခဲ့ရပြီးနောက် Samsung ရဲ့ အကျိုးအမြတ်ရရှိမှု ကျဆင်းသွား

Galaxy Note 7 ဖုန်းစျေးကွက်ထဲကနေ ပြန်သိမ်းခဲ့ရပြီးနောက် Samsung ရဲ့ အကျိုးအမြတ်ရရှိမှု ကျဆင်းသွား

အောက်တိုဘာ ၂၇ ။                  ။ ကုမ္ပဏီထုတ် Galaxy Note 7 ဖုန်းဘထ္ထရီ မီးလောင်ပေါက်ကွဲမှုဖြစ်စဉ်များကြောင့် ယင်းဖုန်းများကို ဈေးကွက်ထဲမှ ပြန်သိမ်းခဲ့ရပြီးနောက် တောင်ကိုရီးယား အီလက်ထရောနစ်ကုမ္ပဏီ Samsung ၏ အကျိုးအမြတ်ရရှိမှု ကျဆင်းသွားခဲ့သည်။

လုပ်ငန်းအသားတင်အကျိုးအမြတ်ရရှိမှုမျာ ယခုနှစ် တတိယသုံးလပတ်အတွင်းက တစ်နှစ်ထက်တစ်နှစ် ၁၆ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း အောက်တိုဘာ ၂၇ ရက်က Samsung က ထုတ်ပြန်ကြေညာသွားသည်။

ပြီးခဲ့သည့် စက်တင်ဘာလက ထုတ်ပြန်ခဲ့ရသည့် ယင်း Note 7 ဖုန်း ပြန်သိမ်းခဲ့ရသည့်ဖြစ်စဉ်သည် ကုမ္ပဏီအတွက် အထိနာဆုံးသော ဖြစ်ရပ်တစ်ခုလည်း ဖြစ်လာခဲ့သည်။

ဇူလိုင်လနှင့် စက်တင်ဘာလအတွင်း ကုမ္ပဏီ၏ အသားတင်အကျိုးအမြတ်ရရှိမှုမှာ ယူရို ၃ ဒသမ ၆၆ ဘီလီယံ (ဒေါ်လာ ၄ ဘီလီယံ) ဖြစ်သည်ဟု အောက်တိုဘာ ၂၇ ရက် ထုတ်ပြန်ချက်အရ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags