နောင်တ ရတတ်သူ မဟုတ်ဘူးဆိုတဲ့ ဒါရိုက်တာ ညိုမင်းလွင်

နောင်တ ရတတ်သူ မဟုတ်ဘူးဆိုတဲ့ ဒါရိုက်တာ ညိုမင်းလွင်

အနုပညာလောကထဲကို သရုပ်ဆောင် တစ်ယောက်အနေနဲ့ ဝင်ရောက်လာခဲ့တဲ့သူ အများနဲ့မတူတဲ့ ဇာတ်လမ်းတွေကို ဖန်တီးပေးနေတဲ့ ဒါရိုက်တာညိုမင်းလွင် ပရိသတ်တွေ တောင်းဆိုနေတဲ့ မြန်မာဇာတ်ကား ကောင်းတွေကို ဆက်လက်ဖန်တီးပေးနိုင်ဖို့ ဒါရိုက်တာ တစ်ယောက်ရဲ့ စိန်ခေါ်မှုတွေက ဘာတွေများဖြစ်မလဲ ကျွန်မကတော့ ယဉ်မွန်ပါအခုဆိုရင် ဒါရိုက်တာညိုမင်းလွင်ကို တွေ့ဆုံမေးမြန်းဖို့အတွက် စာနယ်ဇင်းရှင်းလင်းပွဲကို ရောက်ရှိနေတာဖြစ်ပါတယ်။ ယဉ်မွန်ရဲ့လက်ထဲမှာတော့ Yope မေးခွန်း၅ခုနဲ့အတူ Yope Red Chair ရှိနေပါတယ်။

အစ်ကိုရေအခုလို yopeအစီအစဉ်မှာ တွေ့ရတဲ့အတွက် ဝမ်းသာပါတယ်ရှင့် ပထမဆုံးမေးခွန်းပါအစ်ကို။ မြန်မာဇာတ်လမ်းတွေမှာ ချစ်ကြိုက်ကွဲညား ဇာတ်လမ်းတွေပဲ ကြည့်နေရတယ်လို့ ပရိသတ်တွေက ဝေဖန်နေပါတယ်ရှင့် အစ်ကိုတို့ ရုပ်ရှင်ဖန်တီးသူတွေကပေါ့နော် အဲဒီထဲကကွဲထွက်နိုင်ဖို့ ဇာတ်ကားမျိုးတွေကို ဖန်တီးဖို့ ဘာလို့များ မဖြစ်နိင်ကြတာပါလဲ။

မဖြစ်နိုင်တာတို့ မဟုတ်ပါဘူးရိုက်လည်း ရိုက်နေကြပါတယ်တကယ် ကွဲထွက်နေကြတဲ့ လူငယ်တွေလည်းရှိတယ် လက်ရှိ လောကထဲမှာလည်း ရှိပါတယ်။ ပရိသတ်က ကြည့်မိတဲ့အချိန်နဲ့ ဒီဖက်က လူအချို့ရဲ့ နည်းနည်း ထပ်နေတာလေးတွေနဲ့ တိုက်ဆိုင်သွားလို့ ဖြစ်ပါလိမ့်မယ်။

ဒါကတော့ အစ်ကိုတို့ မိသားစုမေးခွန်းပေါ့နော်နံပါတ် ၂ ကအစ်ကို့မှာလေ အစ်ကို့သမီးတွေအပေါ် ထားတဲ့ ပညာရေး မျှော်လင့်ချက်တွေက ဘာများဖြစ်မလဲ။

ကျွန်တော်က သူတို့ကိုလေ ပညာဆိုတာ အတန်းပညာတက်ဖို့အတွက် အတန်းပညာကို လိုချင်တဲ့ အဆင့်ရောက်ဖို့အတွက် သူ့အမေက တာဝန်ယူထားတာပေါ့နော်။ ဆရာမလည်း ဆရာမဆိုတော့ ကျွန်တော်ကတော့ အဓိကက သူတို့ကိုကိုယ်ကိုတိုင် တကယ်သိ တကယ်တတ်တဲ့ ပညာမျိုးကိုပိုပြီးတော့ တကယ်ဖြစ်စေချင်ပါတယ်။ မိဘက push လုပ်လိုက်လို့ ဆရာဝန် အင်ဂျင်နီယာလိုင်း ရွေးလိုက်ရတာမျိုး မဟုတ်ဘဲ သူတို့ကိုယ်တိုင် တကယ်လုပ်ချင်တာမျိုးကိုပဲ လိုချင်တာပါ။

နံပါတ်၃ မေးခွန်းပါရှင့် ကိုညိုမင်းလွင်ဘဝကို တစ်ကပြန်စခွင့်ရရင် ဘာကိုအရင်ဆုံး လုပ်ချင်မလဲ။

ကျွန်တော်က အဲဒီလို နောင်တရတတ်တဲ့ လူမဟုတ်ဘူး နောင်တရတတ်တဲ့သူ မဟုတ်ဘူးဆိုတဲ့အတွက် တစ်က ပြန်စလိုက်လို့ရှိရင် ဘာတွေလုပ်မယ် ဆိုတာမျိုး ကျွန်တော့်မှာ မရှိဘူး ကျွန်တော်က လက်ရှိဖြတ်သန်းနေတဲ့အတိုင်းပဲ ကျွန်တော့်ကိုယ် ကျွန်တော် အကောင်းဆုံးဖြစ်အောင် ဆက်သွားမယ် ကျွန်တော့်မှာ နောင်တဆိုတာ မရှိတဲ့အတွက် တစ်က ပြန်စခဲ့ရင်ဆိုတဲ့ဟာမျိုး ကျွန်တော်မစဉ်းစားဖူးဘူး။

ဟုတ်ကဲ့ဒါကတော့ နံပါတ်လေးမေးခွန်းပါရှင့် အစ်ကို့အနေနဲ့ရုပ်ရှင်တွေက ဖန်တီးတဲ့နေရာမှာ သူများတွေနဲ့ မတူပဲနဲ့ ဖန်တီးတာကို တွေ့ရပါတယ်ရှင့် အဲဒီလိုသူများတွေနဲ့ မတူတဲ့ဇာတ်လမ်းတွေကို ရိုက်ကူးဖို့အတွက် ဘယ်အချိန်က စပြီးစဉ်းစားမိပါလဲရှင့်။

အဲဒါ အဓိကကတော့ ဖေဖေကလည်း အနုပညာလောကထဲ မဝင်ခင်ကတည်းက အမြဲတမ်း ပြောခဲ့တာလေး တစ်ခုရှိတယ် ဘာလုပ်လုပ် သူများနဲ့မတူအောင် သူများနဲ့ကွဲပြားအောင် လုပ်ဆိုတဲ့ဟာလေးက ဖေဖေ ကျွန်တော့်ကို ရုပ်ရှင်လောကထဲ မဝင်ခင်ကတည်းက ပြောခဲ့တဲ့တစ်ခုတည်းသော စကားပေါ့ အဲဒါလေးက ကျွန်တော်ကိုယ်တိုင်လည်း ကြိုက်တယ် ကျွန်တော်ကိုယ်တိုင်လည်း လက်ခံတယ် ငယ်ငယ်ကတည်းကလည်း ဒါမျိုးတွေ သဘောကျတယ် အဲဒါကြောင့်ပါ။

ဟုတ်ကဲ့ အစ်ကိုဒါက နံပါတ်၅ မေးခွန်းနောက်ဆုံးပါပဲရှင့် မြန်မာနိုင်ငံရဲ့ ပုံရိပ်ကိုပေါ့နော် ကမ္ဘာက သိစေနိုင်မယ့် ဇာတ်ကားမျိုး ဖန်တီးခွင့်သာ ရမယ်ဆိုရင်ဘယ်လို အကြောင်းအရာကို များရိုက်ပြချင်ပါလဲရှင့်။

ရှားရှားပါးပါး အကြောင်းအရာလေးတွေ ရှိပါတယ် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အမြဲတမ်း နိုင်ငံတကာကို သွားပြဖို့ဆိုပြီး ရည်ရွယ်ပြီး ရိုက်နေကြတဲ့အထဲမှာ ကျန်နေတဲ့ အကြောင်းအရာလေး တစ်ခုတွေ့မိတယ် ဒါပေမယ့် အခုမပြောပါရစေနဲ့ ကျွန်တော့် စိတ်ကူးထဲမှာရှိပါတယ်။ ကျွန်တော် အကောင်အထည်ဖော်ပါ့မယ်

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly