စစ်တပ်အဆောက်အအုံများအား အကြမ်းဖက် တိုက်ခိုက်ရန် အကြံအစည် ကိုပြင်သစ်ထောက်လှမ်းရေးများ ကတွေ့ရှိဖော်ထုတ်

စစ်တပ်အဆောက်အအုံများအား အကြမ်းဖက် တိုက်ခိုက်ရန် အကြံအစည် ကိုပြင်သစ်ထောက်လှမ်းရေးများ ကတွေ့ရှိဖော်ထုတ်

ပါရီ၊ ဇူလိုင်-၁၆ ။      ။ ပြင်သစ် ပြည်ထဲရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ စစ်တပ်အဆောက်အအုံများကို အကြမ်းဖက် တိုက်ခိုက်ရန် စီစဉ်နေသည်ဟု သံသယရှိရသည့် ရေတပ်သားဟောင်းတစ်ဦးအပါအဝင် လူလေးဦးကို ပြင်သစ်ထောက်လှမ်းရေး ဧဂျင့်များက ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု ဆိုသည်။

အသက် ၁၆နှစ်မှ ၂၃နှစ်ကြားအသီးသီးရှိကြသည့် သံသယရှိသူများကို ပြင်သစ်၏ နေရာ၄ခုတွင် ဇူလိုင်လ ၁၃ရက် အရုဏ်တက် အချိန်က ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး ဘားနတ် ကေဇင်နျူဗီက သတင်းထုတ်ပြန်ချက် တစ်ခုတွင် ပြောကြားခဲ့ သည်။ ၎င်းတို့အနက် တစ်ဦးမှာ ပြင်သစ်ရေတပ်မှ သင်္ဘောသားဟောင်းတစ်ဦး ဖြစ်သည်ဟု ဆိုသည်။  

စုံစမ်းထောက်လှမ်းသူများမှာ လူမှုကွန်ရက်များတွင် တက်ကြွလှုပ်ရှား မှုနှင့်ထောင်ကျနေ သည့်ပြင်သစ်ဂျီဟတ်များနှင့် အဆက် အသွယ် များမှတစ်ဆင့် အကြမ်းဖက်တိုက်ခိုက်ရန် အစီအစဉ်၏ အဓိက လှုံ့ဆော်သူကိုတွေ့ ရှိဖော်ထုတ်နိုင် ခဲ့ကြသည် ဟုကေဇင်နျူဗီက ပြောကြားခဲ့သည်။

အဓိက သံသယရှိသူမှာ ယခင်ကလည်း အာဏာပိုင်များ၏ မေးမြန်းစစ်ကြောမှုကို ခံခဲ့ရဖူးပြီး ဆီးရီးယားသို့ သွားရောက် လိုစိတ် ပြင်းပျနေသူဖြစ်သည်ဟုလည်း ဝန်ကြီးက ပြောကြားသည်။

ပြင်သစ်နိုင်ငံတစ်လွှား အကြမ်းဖက်မှုတိုက်ဖျက်ရေးအမှုများကို ကိုင်တွယ်သည့် ပါရီ အစိုးရရှေ့နေရုံးက ပြီးခဲ့သည့်လက စုံစမ်းထောက်လှမ်းမှုတစ်ခုကို ဖွင့်လှစ်ခဲ့ရာတွင် အဓိကတရားခံနှင့် ဆက်သွယ်နေသည့် အခြား လူများကိုပါတွေ့ ရှိဖော်ထုတ် လာနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly