အားကစားပြိုင်ပွဲများတွင် လိင်တူ အားကစားသမားများကို ပရိသတ်အများစုက လိုလားအားပေး

အားကစားပြိုင်ပွဲများတွင် လိင်တူ အားကစားသမားများကို ပရိသတ်အများစုက လိုလားအားပေး

အောက်တိုဘာ ၂၆၊ အင်္ဂလန် ။                   ။ ဘီဘီစီ ရေဒီယို 5 မှ ပြုလုပ်ခဲ့သည့် စစ်တမ်းအရ အင်္ဂလန်၊ ဝေးလ်နှင့် စကော့တလန်ရှိ အားကစားပရိသတ်များသည် အားကစားပြိုင်ပွဲများတွင် (Gay)လိင်တူအားကစားသမားများ ပါဝင်ကစားကြသည်ကို လိုလားအားပေးကြကြောင်း သိရှိရသည်။

ထိုစစ်တမ်းအရ ၈၂ ရာခိုင်နှုန်းသော ပရိသတ်များမှာ လိင်တူအားကစားသမားများကို အားပေးကြပြီး ၈ ရာခိုင်နှုန်းကသာ ဆန့်ကျင်ခဲ့ကြသည်။

ပြီးခဲ့သည့်အပတ်က အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ကလာ့ပ်က ပရိသတ်များ၏ လှောင်ပြောင်စွပ်စွဲမှုများကြောင့် ခံစားနေကြရသည့် လိင်တူအားကစားသမားများအနေဖြင့် ပွင့်လင်းစွာဖွင့်ဟကြရန် တိုက်တွန်းလိုက်သည်။ ကလာ့ပ်က ထိုအားကစားသမားများကို ကာကွယ်မပေးနိုင်သည့်အတွက် ရှက်မိကြောင်းနှင့် ပြိုင်ပွဲများတွင်ကာကွယ်တားဆီးနိုင်အောင် ကြိုးစားသွားမည်ဖြစ်ကြောင်း ကတိပေးခဲ့သည်။

အွန်လိုင်းတွင် လူပေါင်းလေးထောင်ကို ဆန္ဒမဲကောက်ယူခဲ့ရာ ၇၁ ရာခိုင်နှုန်းက ကလပ်အသင်းများအနေဖြင့် လိင်တူဆက်ဆံရေးကို ပရိသတ်များနားလည်အောင် ပညာပေးသင့်ကြောင်း   ပြောဆိုခဲ့ကြသည်။

အားကစားပရိသတ် ၄၇ ရာခိုင်နှုန်း၊ ဘောလုံးပရိသတ် ၅၀ ရာခိုင်နှုန်းက ပြိုင်ပွဲများတွင် လိင်တူကစားသမားများကို စွပ်စွဲလှောင်ပြောင်မှုများ ကြုံတွေ့ရကြောင်း ဖွင့်ဟခဲ့ကြသည်။

ပရီးမီးယားလိဂ်တိုက်စစ်မှူးဟောင်း ခရစ္စဆက်တန်က ဥက္ကဋ္ဌကလာ့ပ်အနေဖြင့် ၈ ရာခိုင်နှုန်းသော ရှေးရိုးစွဲပရိသတ်များကို ပိတ်ပင်တားဆီးရန် လွယ်ကူကြောင်း ပြောဆိုခဲ့သည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly