ကမ္ဘာ့အကြီးဆုံး ရေပေါ်နေရောင်ခြည်စွမ်းအင်ပြားကို စင်္ကာပူက ဖွင့်လှစ်ဖို့ ရှိ

ကမ္ဘာ့အကြီးဆုံး ရေပေါ်နေရောင်ခြည်စွမ်းအင်ပြားကို စင်္ကာပူက ဖွင့်လှစ်ဖို့ ရှိ
(ဓာတ်ပုံ - အီးပီအေ)

အချပ်ပြား အရေအတွက်နှင့် သိုလှောင်နိုင်စွမ်းတို့အရ ရေပေါ်တည်ဆောက်ထားတဲ့ ကမ္ဘာ့အကြီးဆုံး နေရောင်ခြည်စွမ်းအင် ဆိုလာပြားကို ၂၀၁၆ ခုနှစ်ကုန်ပိုင်းမှာ ဖွင့်လှစ်ဖို့ အစီအစဉ်ရှိကြောင်း စင်္ကာပူနိုင်ငံက ကြေညာခဲ့ပါတယ်။

အဆိုပါပဏာမခြေလှမ်း ရည်မှန်းချက်က ဧရိယာ ၇၉၁ စတုရန်းကီလိုမီတာ (၃၀၅ စတုရန်းမိုင်) နှင့် လူဦးရေ ၅.၆ သန်းရှိ စင်္ကာပူနိုင်ငံအတွက် စွမ်းအင်းအရင်းအမြစ် ပြန်လည်ပြည့်ဖြိုးဖို့ အသင့်လျော်ဆုံးပြုလုပ်မှုဖြစ်တယ်လို့ စင်္ကာပူရဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး Masagos Zulkifli bin Masagos Mohamad က အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲမှာ ရှင်းပြပါတယ်။

ရေပေါ် ဆိုလာပြားတွေဟာ စင်္ကာပူလို ကျယ်ဝန်းမှု ကျဉ်းတဲ့နိုင်ငံမျိုးအတွက် အခြားရွေးချယ်စရာတစ်ခုဖြစ်တယ်လို့ သူက ပြောပါတယ်။

အဆိုပါဆိုလာပုံစံဟာ ရေငွေ့ပျံမှုကို လျော့ချပေးနိုင်သလို နိုင်ငံမှာ ကြုံတွေ့နေရတဲ့ ရေချိုပေးဝေရေး ပြဿာနာအတွက် အရေးကြီးဆုံး ဖြေရှင်းမှု တစ်ခုဖြစ်တယ်လို့ သူက ထည့်သွင်းပြောဆိုပါတယ်။

အဆိုပါစီမံကန်းဟာ photovoltaic စနစ် (၁၀)မျိုးကို အသုံးပြုထားပြီး ၎င်းက Tengeh ရေလောင်ကန်ထဲ ၁ ဟက်တာ (၂.၄ ဧက) ကို ဖုံးလွှမ်းထားပါတယ်လို့ Channel NewsAsia အရ သိရပါတယ်။

©EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly