စက်တင်ဘာလအတွင်း ပြည်ပသို့ သွားရောက်အလုပ် လုပ်ကိုင်သူ ၁၄၀၀၀ ကျော်ရှိှ

စက်တင်ဘာလအတွင်း ပြည်ပသို့ သွားရောက်အလုပ် လုပ်ကိုင်သူ ၁၄၀၀၀ ကျော်ရှိှ
ဓာတ်ပုံ - မဇျွိမ

ရန်ကုန်၊ အောက်တိုဘာ ၂၅ ။             ။ စက်တင်ဘာလ တစ်လအတွင်း မြန်မာတစ်နိုင်ငံလုံးမှ ပြည်ပသို့ တရားဝင်သွားရာက်အလုပ်လုပ်ကိုင်သူ တစ်သောင်း လေးထောင်ကျော်ရှိကြောင်း အလုပ်သမား အလုပ်အကိုင်နှင့် ပြည်သူ့အင်အာဝန်ကြီးဌာနမှ သိရသည်။

“ ပြည်ပကို လစဉ်သွားတာက တစ်သောင်းနဲ့ တစ်သောင်းခွဲကြားမှာပြေးနေတာပေါ့နော်။ အတိကျမရှိဘူး။ အခုနောက် ပိုင်း ကတော့ ကျလာတယ်။ နည်းနည်းကျလာတယ်။ နှစ်စဉ်သွားသွားတာက တစ်သိန်းဝန်းကျင်တော့ ရှိတယ်ပေါ့။ ဒါက လည်းပုံမှန်မရှိဘူး သူတို့ရဲ့အလုပ်ခေါ်စာပေါ်မှာ မူတည်ပြီးသွားရတာလေ ပုံမှန်တော့မရှိဘူး" ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်   ပြည်သူအင်အား ဝန်ကြီးဌာနမှ အလုပ်သမားရေးရာ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောသည်။

အဆိုပါ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်သူများထဲတွင် ထိုင်းနိုင်ငံ သို့သွားရောက်အလုပ်လုပ်ကိုင်သူ ၁ဝ၄၉၃ ဦး ဖြင့် အများဆုံးဖြစ်နေပြီး၊ မလေးရှားနိုင်ငံ သို့သွားရောက် အလုပ်လုပ်ကိုင်သူမှာ ၂၅၈၄ ဦး ဖြင့် ဒုတိယ အများဆုံးဖြစ်သည်။

 “ မလေးတို့ဆိုရင် စက်ရုံအလုပ်ရုံတွေများတယ် ။ စိုက်ပျိုးရေးတွေရှိတယ်။ ထိုင်းလည်း စက်ရုံတွေ စိုက်ပျိူုးရေးတို့ အဲဒီ လိုမျိုးတွေကများတာပေါ့နော် အမျိုးမျိုးပါပဲ။ နောက် ဆောက်လုပ်ရေးတွေရှိတယ်။ စင်ကာပူတို့ကျတော့ အဲကွန်းတို့ ဒရိုင် ဘာတို့သွား လုပ်ကြတာတွေရှိတယ် “ ဟု ဦးမျိုးအောင်က ပြောဆိုသည်။

 စက်တင်ဘာတစ်လအတွင်း ကိုရီးယားနိုင်ငံ ၆၆၉ ဦး၊ ဂျပန်နိုင်ငံ ၁၈၆ ဦး၊ ကာတာနိုင်ငံ ၆၂ ဦး စင်ကာပူနိုင်ငံ ၁၇ ဦး၊ ယူအေအီး ခြောက်ဦး စုစုပေါင်း ၁၄ဝ၁၇ ဦး တို့တရာဝင်သွားရောက်အလုပ် လုပ်ကိုင်လျှက်ရှိသည်။

 စက်တင်ဘာလအတွင်း တိုင်းနှင့် ပြည်နယ်အလိုက်အလုပ်အကိုင် ရရှိမှုအခြေနေမှာ ရန်တိုင်းဒေသကြီးတွင် ၁၁၉၀၂ ဦး၊ ဧရာဝတီတိုင်း ၂၀၃ ဦး၊ ပဲခူးတိုင်းဒေသကြီး ၂၃၇၃ဦး၊ မန္တလေးတိုင်းဒေသကြီး ၁၁၄၈ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး ၄၄၈ ဦး၊ မကွေးတိုင်းဒေသကြီး ၄၈၄ ဦး၊ တနင်္လာရီတိုင်းဒေသကြီး ၃၇၂ ဦး၊ ကချင်ပြည်နယ် ၁၁၃ ဦး၊ ကယားပြည်နယ် ၁၀၀ ဦး၊ ကရင်ပြည်နယ် ၁၀၄ ဦး၊ ချင်းပြည်နယ် ၂၅ ဦး၊ မွန်ပြည်နယ် ၃၂၄ ဦး၊ ရခိုင်ပြည်နယ် ၁၆၉ ဦး၊ ရှမ်းပြည်နယ် ၂၅၆ ဦး ဖြင့် စုစုပေါင်း ၁၈၁၉၇ ဦးရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

စက်တင်ဘာလအတွင်း ပြည်ပသို့ တရားဝင် အလုပ်သွားရောက်လုပ်ကိုင်သူ ၁၄ဝ၁၇ ဦးနှင့် ပြည်တွင်းအလုပ်နေရာ ၁၈၁၉၇ ဦးကို ကို  အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေ ရေးရုံးများတွင် Labour Exchange Management System ဖြင့် အွန်လိုင်းမှ ဆောင်ရွက်ပေးခြင်းတို့ လုပ်ဆောင် လျက်ရှိရာ ၂ဝ၁၆ ခုနှစ် စက်တင်ဘာလအတွင် းဆောင်ရွက်ပေး ခဲ့ခြင်း ဖြစ်သည်။

အောက်တိုဘာ ၂၅ ရက်ထိ ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့်တရားဝင် သွားရောက်သူ မြန်မာလုပ်သား၂ သိန်းခန့်ရှိပြီး အ ထောက်ထားမဲ့ ၁.၇ သန်းခန့်ကို အထောက်ထားများပြုလုပ်ပေးခဲ့ကာ စုစုပေါင်း   မြန်မာလုပ်သား ၂ သန်းခွဲ ခန့်ရှိ နေ ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာနမှသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly