လူငယ်တွေ ဟီလာရီကလင်တန်ကို မဲပေးဖို့ တိုက်တွန်းသည့်အနေဖြင့် အိုဟိုင်းရိုးဖျော်ဖြေပွဲ ကျင်းပသွားမယ့် ဂျေဇီး

လူငယ်တွေ ဟီလာရီကလင်တန်ကို မဲပေးဖို့ တိုက်တွန်းသည့်အနေဖြင့် အိုဟိုင်းရိုးဖျော်ဖြေပွဲ ကျင်းပသွားမယ့် ဂျေဇီး

လော့စ်အိန်ဂျလိစ် ၊ အောက်တိုဘာ ၂၅ ။         ။ အမေရိကန် ရက်ပ်အဆိုတော် ဂျေဇီးသည် နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည့် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ဟီလာရီကလင်တန်ကို မဲပေးဖို့ လူငယ်များကို တိုက်တွန်းသည့်အနေဖြင့် ရွေးကောက်ပွဲမတိုင်မီ  အိုဟိုင်းရိုးပြည်နယ်တွင် ဖျော်ဖြေပွဲကျင်းသွားမည်ဖြစ်သည်။

ဖျော်ဖြေပွဲ ကျင်းပမည့် ရက်ကို အတည်ပြုပြောကြားခြင်းမရှိသေးသော်လည်း ဖျော်ဖြေပွဲကို အမေရိကန်ပြည်ထောင်စု အိုဟိုင်းရိုးပြည်နယ် ကလီဗလန်ဒ်မြို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်းBuzzfeed News က ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

အိုဟိုင်းရိုးပြည်နယ်သည် ပြိုင်ဘက် ရီပတ်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရန့် အခြားသော ပြည်နယ်များထက် ထောက်ခံမှုပိုမိုရရှိထားသော နယ်မြေဖြစ်ပြီး ဟီလာရီကလင်တန်အတွက် အဓိကပြိုင်ဘက် ပြည်နယ်တစ်ခုဖြစ်သည်။

ဂျေဇီးသည်  ၎င်း၏မိသားစုတွင် ဟီလာရီကလင်တန်ကို ကူညီသည့် ပထမဆုံးအဖွဲ့ဝင်မဟုတ်ကြောင်း နှင့် ဇနီးဖြစ်သူ ဘီယွန်စေးသည်လည်း ၂၀၁၅ ခုနှစ်က နယူးယော့ခ်မြို့တွင် ကျင်းပပြုလုပ်သော ကလင်တန်အတွက် ရန်ပုံငွေရှာဖွေပေးသည့်ပွဲကို တတ်ရောက်ခဲ့သည်။

ကလင်တန်၏မဲဆွယ်စည်ရုံးလှုံဆော်မှုတွင် မိုင်လေးဆိုင်းရက်စ် ၊ ကေတီပယ်ရီ ၊ ဂျွန်လီဂက်ဒ် နှင့် အခြားသောအနုပညာရှင်များလည်း ပါဝင်ကူညီခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags