ဓားပြတိုက်ခံရမှုသည် ဟန်ဆောင်လုပ်ခဲ့ခြင်းဖြစ်တယ်လို့ ပြောကြားတဲ့ ၀က်ဆိုဒ်ကို တရားစွဲဆိုမှု ရုပ်သိမ်းပေးလိုက်ပြီဖြစ်တဲ့ ကင်ကာဒစ်ရှန်

ဓားပြတိုက်ခံရမှုသည် ဟန်ဆောင်လုပ်ခဲ့ခြင်းဖြစ်တယ်လို့ ပြောကြားတဲ့ ၀က်ဆိုဒ်ကို တရားစွဲဆိုမှု ရုပ်သိမ်းပေးလိုက်ပြီဖြစ်တဲ့ ကင်ကာဒစ်ရှန်

လော့စ်အိန်ဂျလိစ် ၊ အောက်တိုဘာ ၂၅ ။              ။ ရုပ်သံအကျော်အမော် ကင်ကာဒစ်ရှန်က ပြင်သစ်နိုင်ငံတွင် ၎င်းဓားပြတိုက်ခံရမှုသည် ဟန်ဆောင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သော  Media TakeOut ဝက်ဆိုဘ်ဒ်ကို အသေရေဖျက်မှုနှင့် တရားစွဲဆိုထားမှုကို အောက်တိုဘာ ၂၄ရက်က ရုပ်သိမ်းခဲ့သည်။

ကင်ကာဒစ်ရှန် နှင့် အဆိုပါ ဝက်ဆိုဘ်ဒ်တို့ နှစ်ဖက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာ ပြေလည်မှုများ ရရှိခဲ့ပြီးနောက် ကင်က ယင်းဝက်ဆိုဘ်ဒ်အပေါ် အသေရဖျက်မှုနှင့် တရားစွဲဆိုထားမှုကို ရုပ်သိမ်းပေးခဲ့ခြင်းဖြစ်ကြောင်း ကင်ကာဒစ်ရှန်၏ ရှေ့နေက ပြောကြားသည်။

ကင်ကာဒစ်ရှန်သည် ယခုလက နယူးယော့ခ်မြို့တရားရုံးတွင် အမေရိကန် အနုပညာ အတင်းအဖျင်း ဝက်ဆိုဘ်ဒ်တစ်ခုဖြစ်သော  Media TakeOutအပေါ်  အသေရေဖျက်မှုနှင့် တရားစွဲဆိုထားမှုကို ရုပ်သိမ်းခဲ့ကြောင်း တရားရုံးစာရွက်စာတမ်းများတွင် ဖော်ပြထားသည်။

“ တရားစွဲဆိုမှု ကိစ္စရပ်နဲ့ ပတ်သက်လို့ နှစ်ဦးနှစ်ဖက် ပြေလည်မှုရရှိခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့လည်း ယနေ့မှာ ဒီအမှုကို ပလပ်လိုက်ပါပြီ။”ဟု လော့စ်အိန်ဂျလိစ် ဥပဒေကုမ္ပဏီမှ Andrew Brettler က အီမေးလ်တွင် ပြောကြားထားသည်။

ကင်ကာဒစ်ရှန်သည် အောက်တိုဘာ ၃၁ရက်က ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ ၎င်း တည်းခိုရာတိုက်ခန်းတွင် ဓားပြတိုက်ခံခဲ့ရပြီး မျက်နှာဖုံးစွပ်ထားသော အမျိုးသားများက ၎င်းအား သေနတ်ဖြင့် ချိန်ရွယ်ကာ ချုပ်နှောင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၀သန်းတန်ဖိုးရှိ လက်ဝတ်ရတနာများကို ယူဆောင်သွားခဲ့သည်။

ပဲရစ်ဓားပြတိုက်ခံရမှုမတိုင်မီ ရက်ပေါင်းများစွာက ကင်ကာဒစ်ရှန်သည် အမေရိကန်ဒေါ်လာ ၄ သန်း တန်ကြေးရှိသော စေ့စပ်လက်စွပ်နှင့် အခြားသော လက်ဝတ်ရတနာပစ္စည်းများကို ဓာတ်ပုံရိုက်ကာ  လူမှုကွန်ရက်ပေါ်တွင် တင်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ ဓားပြတိုက်ခံရခြင်းဖြစ်ကြောင်း ပြစ်တင်ဝေဖန်မှုများလည်း ခံခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly