မြန်မာရုပ်ရှင်ကားတွေ ဘာ့ကြောင့် ဝေဖန်ခံနေရသလဲ (လူငယ်တွေရဲ့အမြင်)

မြန်မာရုပ်ရှင်ကားတွေ ဘာ့ကြောင့် ဝေဖန်ခံနေရသလဲ (လူငယ်တွေရဲ့အမြင်)

အခုတလော အွန်လိုင်းစာမျက်နှာတွေပေါ်မှာ မြန်မာရုပ်ရှင်ဇာတ်ကားတွေနဲ့ ပတ်သက်ပြီးတော့ အပြင်းအထန် ဝေဖန်ထောက်ပြတာတွေ ရှိနေပါတယ်။ ဒါပေမယ့် မြန်မာဇာတ်ကားတွေကို အားပေးတဲ့ ပရိသတ်တွေကတော့ ရှိနေဆဲပါပဲ ဒါဆို ဒီလို ဝေဖန်တာတွေက ဘာကြောင့် ဖြစ်မလဲ။ ဒီအဖြေကို သိချင်လို့ ကျွန်မ သူငယ်ချင်းတွေကို အခုပဲ လိုက်မေးကြည့်လိုက်တော့။

 

  တချို့ဟာသကားတွေကို ကျွန်တော်တို့ ကြိုက်တယ် တစ်ချို့ကားတွေက ဘယ်လိုတုန်းဆိုတော့ ဖုန်းခေါ်တဲ့ နေရာတို့ ဟာကွက်တွေ အရမ်းရှိနေတယ်။ အဲဒါကြောင့် မြန်မာကားတွေကို ဝေဖန်နေကြတယ်လို့ ထင်တယ်။

 

 

 ကျွန်တော့် အထင်ကတော့ ကော်ပီကူးတာတို့ ဇာတ်လမ်း ဇာတ်ကွက်တွေ ထပ်တာတို့ နောက်ပြီးတော့ ဇာတ်လမ်းကို ကြိုသိတာတု့ိ အဲလောက်ပါပဲ။

 

 

 

 အကြိုက်ချင်း မတူတာလည်း ဖြစ်ချင် ဖြစ်နိုင်ပါတယ်။ တချို့ကျတော့လည်း မြန်မာကားမှာ ဟာသကား ကြိုက်တာ ဖြစ်နိုင်သလို တချို့ကျတော့လည်း ဒရမ်မာ ကြိုက်တာ ဖြစ်နိုင်တယ် ဒါပေမယ့် နောက်ပိုင်းမှာ ပြောသလိုပေါ့ မြန်မာကားတွေက ရယ်ရတဲ့ ကားတွေလည်း ရှိပါတယ် ဒါပေမယ့် အဲဒီကားတွေက ပုံမှန် စိတ်လိုက်မာန်ပါ ရယ်ရတာထက်စာရင် နည်းနည်းပေါလာတယ်။ ဒါ့ကြောင့်မို့လို့လဲ ခုနကလို ပေ့ချ်တွေ ထွက်လာတာလို့ ထင်တယ်။

 

 

 တကယ့် တကယ်တမ်း ဗမာကားတွေက နည်းနည်း ပေါတယ်၊ ပေါတာကတော့ ပေါတယ် အနှစ်သာရ သိပ်မရှိဘူး  ဇာတ်ကားတစ်ကားက ဘာကို အဓိက ပြောချင်တာလဲဆိုတာ မသက်ရောက်ဘူး။ ဇာတ်လမ်းတွေက တစ်ခါတစ်လေ အဆုံးသတ်သွားရင် ဘာကိုအဆုံးသတ်လို့ သတ်သွားမှန်းတောင် မသိဘူး ကျွန်တော်ကတော့ သိပ်မကြိုက်ဘူး  အရင်ထွက်ခဲ့တဲ့ ကားတွေ တော်တော်များများက ပေါတယ်။ မင်းသားတွေရော၊ မင်းသမီးတွေရော ရုံတင်ကားတွေလည်း ပေါတယ် ကြည့်လိုက် ရပ်ကွက် ဘုရင်မတို့ ဘာတို့ ဟိုတစ်နေ့က သွားကြည့်တာ ရပ်ကွက် ဘုရင်မ ဟာ အရမ်းပေါတာပဲ ဘာမှန်းကို မသိဘူး ရယ်လိုက် ဟားလိုက် အဲတာနဲ့ပဲ ပြီးသွားတယ် ဘာမှလည်း အဓိပ္ပာယ် မရှိဘူး။

 

 ဒါ သူတို့ ကိုယ်တိုင်မှ မရိုက်ဖူးတာ ဒီလိုပဲ ရုပ်ရှင်မင်းသား မင်းသမီးတွေလည်း သူတို့ခံစားချက်နဲ့ လုပ်ရတာပဲ ဒီလိုပဲ အခက်အခဲတွေ ဘာတွေတော့ ရှိမှာပေါ့ ဒါ့ကြောင့် ဘယ်လိုမှ မထင်ပါဘူး ဒီလိုပဲ ကောင်းလာပါတယ် အားပေးပါတယ် မြန်မာကားတွေကို နောက် ကောင်းလာမှာပါ။

 

 

 

 မြန်မာကားတွေကကျတော့ ကွန်ပြူတာပိုင်း ရုပ်ရှင်ရိုက်ရင် ကွန်ပြူတာပိုင်းဆိုင်ရာတွေကျရင် တချိုု့က ချိန်တာ လွဲတာတွေ ဘာတွေ ရှိတယ်။ နောက် မသေသပ်တာတွေ ရှိတယ် အဲတာတွေကို သေချာ လုပ်လိုက်မယ်ဆိုရင်တော့ နိုင်ငံခြားကားတွေကို ယဉ်ဘောင်တန်းနိုင်သွားမယ်လို့ ညီမကတော့ ထင်တယ်။

 

 

 

တချို့ ကျွန်တော်ကြည့်တဲ့ သိုင်းကားတွေ ဆိုရင် အင်္ဂလိပ်သိုင်းကားတွေဆို Effectတွေ Animation တွေ သုံးတာ အရမ်းကောင်းတယ် မြန်မာကားတွေလည်း Effect မသုံးဘူး မပြောပါဘူး Effect တွေ သုံးပါတယ် ဒါပေမယ့် ဘယ်လို သုံးလဲဆိုတော့ သိပ်ပြီးတော့ ယုတ္တိိမရှိဘူး ဇာတ်လမ်းတွေကလည်း သိပ်ပြီးတော့ အစီစဉ်တကျ မရှိတော့ ပရိသတ်တွေ ဝေဖန်တာလို့ ထင်ပါတယ်။

 

 

 အဲဒီ မြန်မာကားတွေကပေါ့နော် အဲဒီ်အစ ကြေညာလေးကို ကြည့်လိုက်တာနဲ့ ဇာတ်လမ်း ဇာတ်ကွက်တွေ အကုန်လုံးကို သိနေရတဲ့အတွက် အဲဒီ မြန်မာကားတွေကို မကြည့်ချင်ဘူးပေါ့။

 

 

 ကျွန်တော်ကတော့ မကြိုက်ဘူးပေါ့နော် မကြိုက်ဘူးဆိုတာ အရင်က ကောင်းတဲ့ဟာတွေ ရှိပါတယ်။ အခု ရှုမဝကို ပြန်ရိုက်တဲ့ မိုက်တီးလေးများဆိုရင်လည်း  မမှီဘူးပေါ့နော်  အခုနောက်ပိုင်းကားတွေကတော့ မကြိုက်ဘူးပေါ့နော်။

 

 

သူတို့က နိုင်ငံခြားက ကားတွေနဲ့ ယှဉ်ပြီး ဝေဖန်တယ်ပေါ့နော် ဝေဖန်တော့ မြန်မာကားကို သူတို့က ကော်ပီရိုက်တယ်လို့ ထင်တယ် အဲဒီနိုင်ငံခြားက ကားတွေနဲ့ပေါ့ ကော်ပီ ရိုက်တယ်လို့ ထင်တော့ အဲတာကို အဲတာထက်  နည်းနည်း သာအောင်လို့ အဆင့်မြှင့်ပြီး ရိုက်မယ်ဆိုရင်တော့ ဝေဖန်တာတွေ ရပ်မယ် ထင်တယ်။

 

 

ကဲ... ကျွန်မ သူငယ်ချင်းတွေကတော့ မြန်မာရုပ်ရှင်ဇာတ်ကားတွေ ဝေဖန်ခံနေရတာနဲ့ ပတ်သက်ပြီးတော့ သူတို့ရဲ့ အမြင်ကို အခုလိုပဲ ပြောပြသွားခဲ့ပြီးပါပြီ။ သူငယ်ချင်းတို့မှာရော    မြန်မာရုပ်ရှင်ဇာတ်ကားတွေ ဘာ့ကြောင့် ဝေဖန်ခံနေ ရတာလဲဆိုတဲ့ အဖြေရှိမယ်ဆိုရင်    ကျွန်မတို့ရဲ့ Yope Facebook နဲ့  Yope  Website တွေမှာ   ဝင်ရောက်ပြီးတော့ ကွန်းမန့်လေးတွေ ပေးသွားကြပါဦး။

(ဤအစီအစဉ်သည် မဇ္ဈိမ မီဒီယာမှ စီစဉ်ထုတ်လုပ်သည့် YOPE လူငယ်အစီအစဉ်တွင် ပါရှိသည့် အင်တာဗျူးဖြစ်သည်။ YOPE အစီအစဉ်များကို https://www.facebook.com/yopemyanmar/ သွားရောက် ကြည့်နိုင်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly