တောင်ကြီးတန်ဆောင်တိုင် တင်ဒါပွင့်လင်းမြင်သာမှုရှိရန် ရှင်းလင်း

တောင်ကြီးတန်ဆောင်တိုင် တင်ဒါပွင့်လင်းမြင်သာမှုရှိရန် ရှင်းလင်း

မန္တလေး၊ အောက်တိုတာ ၂၅ ။          ။ ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးတန်ဆောင်တိုင် တင်ဒါ လေလံရောင်းချရေးနှင့် ဘဏ္ဍာရေးကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့မှ   လေလံစည်းကမ်းချက်များ ဖောက်ဖျက်၍ မမှန်မကန်လုပ်ဆောင်နေခြင်းအပေါ် ကျေနပ်မှုမရှိ ဟုဆို ကာ လေလံမရရှိသူများက အောက်တိုဘာလ ၂၅ ရက်၊နံနက် ၁၁ နာရီက မန္တလေးမြို့မီဒီယာစင်တာတွင် သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ဦးခင်မောင်လတ်က"လေလံဆွဲတဲ့သူတွေထဲက မရဘဲ လေလံဝင်းဆွဲခြင်းမရှိတဲ့သူက ရသွားတယ်။ ဒါဟာ ရိုးသားမှုမရှိလို့ပဲ။ ဒါကြောင့် အခုလိုရှင်းလင်းပွဲပြုလုပ်ပါတယ်။ လေလံစည်းကမ်းတွေ ဖောက်ဖျက်ပြီး အစိုးရအဖွဲ့နဲ့ နီးစပ်တဲ့သူကို ထိုးပေးတာဟာ အရင်အစိုးရအတိုင်းပဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်နယ်အစိုးရ အဖွဲ့ထံတိုင် ကြား ထားတယ်။ အခုရှင်းလင်းပွဲပြီးရင်လည်း ပြည်ထောင်စုအစိုးရအဖွဲ့ထံကို တိုင်ကြားစာပို့သွားမယ် " ဟု ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရထံ အောက်တိုဘာလ ၂၁ ရက်က တိုင်ကြားပေးပို့ထားခဲ့ပြီး ဆက် လက် ၍ ပြည်ထောင်စုအစိုးရအဖွဲ့ထံ တိုင်းကြားသွားမည်ဟု သတင်းစာရှင်းလင်းပွဲပြုလုပ်သူများ ကဆိုသည်။

အဆိုပါ လေလံကိစ္စနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းလျှံတင့်လုံကို မဇ္ဈိမ က ဆက်သွယ်မေးမြန်းရာတွင် "သူတို့မရလို့ အခုလိုလုပ်တာပါ။ ကျွန်တော်တို့ ကော်မတီရဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်ခဲ့တာပါ။ လုပ်ထုံး လုပ်နည်းနဲ့အညီလုပ်ခဲ့တာပါ "ဟု ပြောသည်။

အဆိုပါ လေလံပွဲကို အောက်တိုဘာလ ၁၅ ရက်နေ့က ကျင်းပခဲ့ခြင်းဖြစ်ပြီး တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို နို ဝင်ဘာလ ၆ ရက်နေ့မှ စတင်ကာ ၁၅ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly