မောင်တောမြို့ပေါ်ကျောင်းများ ပြန်လည် ဖွင့်လှစ်သော်လည်း ကျောင်းသားတချို့သာ တက်ရောက်

မောင်တောမြို့ပေါ်ကျောင်းများ ပြန်လည် ဖွင့်လှစ်သော်လည်း ကျောင်းသားတချို့သာ တက်ရောက်

စစ်တွေ၊ အောက်တိုဘာ ၂၅   ။                    ။ မောင်တောမြို့နယ်၏ အခြေအနေမှာ ငြိမ်သက်စပြုလာပြီ ဖြစ်ပြီး စိတ်ချရသည့် အနေအထားတွင် ရှိနေပြီဟု ယူဆ၍ မြို့ပေါ် စာသင်ကျောင်းများကို   ပြန်လည်ဖွင့်လှစ်ပေးခဲ့သော်လည်း တက်ရောက်သည့် ကျောင်းသား၊ ကျောင်းသူ အနည်းငယ်သာ ရှိနေသည်။

ယနေ့ အောက်တိုဘာ ၂၅ ရက်နေ့ နေ့လည် ၁ နာရီခွဲ အချိန်ထိ မြို့ပေါ် စာသင်ကျောင်း ၂၄ ကျောင်းကို ဖွင့်လှစ်နိုင်ပြီ ဖြစ်ကြောင်း မောင်တောမြို့နယ် ပညာရေးမှူး ဦးခင်အောင်က ပြောသည်။

“ ကျောင်းတွေကို ကျနော်တို့ ကွင်းဆင်းပြီး သွားရောက်နေပါတယ်။ ကျောင်းသားတွေကတော့ ခုလောလောဆယ်မှာ ဘယ်လောက် တက်သလဲဆိုတာ မသိရသေးပါဘူး။ တချို့ ကျောင်းတွေမှာ များတယ်။ တချို့ကျောင်းတွေမှာ နည်း တယ်ပေါ့။ ဖြည်းဖြည်းချင်းတော့ တက်လာကြမှာပါ ” ဟု ဦးခင်အောင်က ပြောသည်။

အောက်တိုဘာ ၉ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် မငြိမ်မသက်ဖြစ်ခဲ့ရသည့် မောင်တော ခရိုင်တစ်ခုလုံးရှိ အခြေ ခံပညာသင်ကျောင်းများကို ရက်အကန့်အသတ်မရှိ ပိတ်ထားခဲ့ရာမှ အောက်တိုဘာ ၂၄ ရက်နေ့တွင် မြို့ပေါ်ရှိ စာသင် ကျောင်း ၁၈၃ ကျောင်းအနက် ၂၄ ကျောင်းကို ပြန်လည် ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။

“ ကျောင်းသားတွေ ကျောင်းပြန်တက်ဖို့ အခက်အခဲရှိနေပါတယ်။ ကျောင်းက အဖွင့်ပြရုံသက်သက်ပါ။ လုံခြုံရေးအရ တည်ငြိမ်ပြီ၊ စိတ်ချရပြီလို့ အစိုးရ ပြောနေပေမယ့် ဆုံးရှုံးသွားတဲ့ လက်နက်တွေကို တရွာဝင်တရွာထွက် စစ်ဆေးရှာဖွေ နေတာတောင် မတွေ့သေးတာ။ ဘယ်လိုလုပ် ကျောင်းသားမိဘတွေက သူတို့ ကလေးတွေကို စေလွှတ်ရဲပါ့မလဲ ” ဟု မောင်တောမြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်းက ပြောသည်။

မောင်တောခရိုင်အတွင်း မူလတန်းမှ အထက်အတန်းအထိ ဘူးသီးတောင်မြို့နယ်၌ အခြေခံပညာကျောင်း၂၁၉ ကျောင်း နှင့် ကျောင်းသား၊ ကျောင်းသူ ၅၆၀၀၀ ကျော်ရှိကာ ၊ မောင်တောမြို့နယ်တွင် စာသင်ကျောင်း ၁၈၃ ကျောင်းနှင့်ကျောင်း သား၊ ကျောင်းသူ ၇၀၀၀၀ ခန့် ရှိကြောင်း ပြည်နယ်ပညာရေး စာရင်းမှတ်တမ်းများအရ သိရသည်။

ခရိုင်တစ်ခုလုံးရှိ ပညာရေးဝန်ထမ်းများမှာ အကြမ်းဖက်ဖြစ်စဉ်ကြောင့် နေရပ်ရင်းသို့ ထွက်ခွာခဲ့ကြပြီး ယခုချက်ချင်းပြန်မ ရောက်ရှိနိုင်သေးသလို၊ ကျောင်းသားမိဘများ၏ စိုးရိမ်မှုများကြောင့် စာသင်ကျောင်းများ ဖွင့်လှစ် ထားသော်လည်း ပြန် လည်တက်ရောက်ရန် အခက်အခဲ ရှိနေခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly