ထိုင်းအစိုးရက သတင်းအချက်အလက်နည်းပညာ အသုံးစရိတ်အား ယခင်သတ်မှတ် ချက်အောက်လျှော့ချ သုံးစွဲမည်

ထိုင်းအစိုးရက သတင်းအချက်အလက်နည်းပညာ အသုံးစရိတ်အား ယခင်သတ်မှတ် ချက်အောက်လျှော့ချ သုံးစွဲမည်

ထိုင်းနိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှု တန်ဖိုး လျော့ကျမှု၊ အစိုးရအသုံးစရိတ်နှေးကွေးမှုနှင့် ပြည်တွင် ဝယ်ယူမှု ကျဆင်း သွားခြင်းတို့ကြောင်း နိုင်ငံ၏ သတင်းအချက်အလက်နည်းပညာအသုံးစရိတ်ကို ၁၃ ရာခိုင်နှုန်း တိုးမြှင့်မည်ဟု ယခင်သတ်မှတ် ထားရာမှ ၃ ဒသမ ၈ ရာခိုင်နှုန်းသို့ လျှော့ချသွားမည်ဖြစ်ကြောင်း သိရသည်။

သုတေသနကုမ္ပဏီတစ်ခုဖြစ်သည့် IDC Thailand မှ လေ့လာသုံးသပ်သူ ဆီတန်ပွန်ဆူဝမ်ဆူပါက "နိုင်ငံအတွင်း အိုင်တီကဏ္ဍ အတွက် အသုံးစရိတ်သည် ယခုနှစ်အတွင်း ၁ဒသမ ၅ ရာခိုင်နှုန်းဖြစ်သည့် ဘတ် ၁၇၇ ဘီလျံသို့လျော့ကျ သွားနိုင်ကြောင်းပြော ကြားသည်။ ယမန်နှစ်က သုံးစွဲမှုသည် ဘတ် ၁၈၀ ဘီလျံဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် သုံးစွဲမည့်စရိတ်သည် ဘတ် ၁၇၅ ဘီလျံသို့ ၁ ဒသမ ၃ ရာခိုင်နှုန်း လျော့ကျသွားနိုင်ကြောင်း ခန့်မှန်းထားသည်။

မိုဘိုင်းဖုန်း၊ ကွန်ပြူတာနှင့် တက်ဘလက်များအပါအဝင် အိုင်တီကဏ္ဍအတွက် သုံးစွဲမှုများတွင် စမတ်ဖုန်းဝယ်ယူမှုများ အဓိက အဖြစ် ပါဝင်နေသည်။ ယခုနှစ်အတွင်း စမိတ်ဖုန်းရောင်းချရမှုအရေအတွက် ၂၉ ရာခိုင်နှုန်း တိုးမြင့်ပြီး အလုံးရေ သန်း ၂၀ အထိရောက် ရှိကာ နိုင်ငံသားဦးရေ ထက်ဝက်အထိ ကိုင်ဆောင်လာဖွယ်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly