လာလီဂါအကောင်းဆုံး ဆုများကို အက်သလက်တီကိုအသင်း သိမ်းပိုက်

လာလီဂါအကောင်းဆုံး ဆုများကို အက်သလက်တီကိုအသင်း သိမ်းပိုက်

အောက်တိုဘာ ၂၅၊ ဗလင်စီယာ။                   ။ ဗလင်စီယာတွင် ပြုလုပ်သော ၂၀၁၅-၁၆ ရာသီလာလီဂါ အကောင်းဆုံးဆုများကို အက်သလက်တီကိုအသင်းကသာ လွှမ်းမိုးထားခဲ့သည်။

ပြီးခဲ့သည့်ရာသီ လာလီဂါအကောင်းဆုံး ကစားသမားဆုကို အက်သလက်တီကိုအသင်းမှ ပြင်သစ်တိုက်စစ်မှူး ဂရစ်ဇ်မန်းက ရရှိခဲ့ သည်။

တနင်္လာနေ့က ဆုပေးပွဲပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အသက် ၂၅ နှစ်အရွယ်ကစားသမားမှာ တက်ရောက်နိုင်ခဲ့ခြင်းမရှိပေ။

အကောင်းဆုံးနည်းပြဆုကို အက်သလက်တီကိုမှပင် ဆီမြွန်နီက ရှရှိခဲ့ပြီး အော့ဘလက်နှင့် ဂိုဒင်တို့သည်လည်း အကောင်းဆုံး ဂိုးသမားဆုနှင့် နောက်တန်းကစားသမားဆု ရရှိခဲ့ကြသည်။

ပြီးခဲ့သည့်ရာသီလာလီဂါပွဲစဉ်အားလုံးကစားခဲ့ရပြီး ၃၈ ပွဲတွင် ၂၂ ဂိုးသွင်းကာ ခြောက်ဂိုးဖန်တီးပေးခဲ့သည့် ဂရစ်ဇ်မန်းသည် ကလပ်အသင်း အတွက်သာမက နိုင်ငံအသင်းအတွက်ပါ မရှိမဖြစ် အားထားရသည့် ကစားသမားတစ်ဦးဖြစ်သည်။

အက်သလက်တီကိုအသင်းကို ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ပို့ဆောင်ပေးခဲ့ပြီး မြို့ခံပြိုင်ဘက် ရီးယဲလ်မက်ဒရစ်ကို ပင်နယ်တီအဆုံး အဖြတ်ဖြင့်ရှုံးခဲ့ရသည်။

ယူရို ၂၀၁၆ ပြိုင်ပွဲတွင် ပြင်သစ်အသင်းအတွက် ခြောက်ဂိုးသွင်းပေးခဲ့ပြီး စီရော်နယ်ဒိုထက်သုံးဂိုးပိုများကာ ရွှေဖိနပ်ဆုရခဲ့သည်။

လာလီဂါအကောင်းဆုံးကစားသမားဆု၊ နည်းပြဆု၊ ဂိုးသမားဆုနှင့် နောက်တန်းဆုတို့ကို အက်သလက်တီကိုအသင်းက သိမ်းပိုက်ခဲ့ပြီး ကွင်းလယ်ကစားသမားဆုကို ရီးယဲလ်မက်ဒရစ်မှ မိုဒရစ်၊ တိုက်စစ်မှူးဆုကို ဘာစီလိုနာမှ မက်ဆီတို့က ရရှိခဲ့သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly