ချယ်လ်ဆီး နောက်ခံလူ ဇူးမား ဘောလုံးပြန်ကစား နိုင်ပြီ

ချယ်လ်ဆီး နောက်ခံလူ ဇူးမား ဘောလုံးပြန်ကစား နိုင်ပြီ
 

အောက်တိုဘာ ၂၅၊ အင်္ဂလန် ။         ။ ဒူးအရွတ်ဒဏ်ရာကြောင့် အနားယူနေရသည့် ချယ်လ်ဆီး နောက်ခံကစားသမား ဇူးမားသည် ဘောလုံးပြန်ကစားနိုင်ပြီဖြစ်ပြီး ချယ်လ်ဆီးယူ-၂၁ အသင်းတွင် ၄၅ မိနစ် ပါဝင်ကစားသွားခဲ့သည်။

အသက် ၂၁ နှစ်အရွယ်ရှိ ပြင်သစ်လက်ရွေးစင် ကစားသမား ဇူးမားသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလကတည်းက ဒူးအရွတ်ဒဏ်ရာကြောင့် အနားယူနေခဲ့ရပြီး ယူရို ၂၀၁၆ ပြိုင်ပွဲကို လွဲချော်ခဲ့ရသလို ချယ်လ်ဆီး၏ ရာသီအစပွဲစဉ်များကိုလည်း လွဲချော်ခဲ့ရသည်။ ဇူးမားသည် မန်ယူနှင့်ကစားသောပွဲစဉ်တွင် ခေါင်းခုန်တိုက်ရာ၌ ပြန်အကျတွင် ပုံစံမမှန်ပဲ ဒူးလည်ကာ ထိုဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

၂ ဂိုးစီသရေကျခဲ့သည့် ချယ်လ်ဆီးယူ-၂၁ အသင်းနှင့် ဒါဘီယူ-၂၁ အသင်းတို့၏ ပွဲစဉ်တွင် ၄၅ မိနစ်ဝင်ကစားခဲ့သည့် ဇူးမားသည် နည်းပြကွန်တီ၏ ၃-၄-၃ ကစားကွက်တွင် အဓိက ကစားသမားတစ်ဦး ဖြစ်လာနိုင်သည်ဟု ထင်ကြေးပေးခံနေရသည်။

ထိုပွဲစဉ်တွင် ဇူးမားမှာ ကောင်းကောင်းကစားနိုင်ခဲ့သော်လည်း ပြိုင်ဘက်တိုက်စစ်မှူး ချာလက်ဗာနန်ကို ဧရိယာစည်းအတွင်း ပြစ်ဒဏ်ကျူးလွန်ခဲ့သည့်အတွက် ပင်နယ်တီအပေးခံခဲ့ရပြီး အဝါကတ်ပြသ ခံခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly