ဖွဲ့စည်းပုံကို ချိုးဖောက်ခြင်း မရောက်အောင် မွမ်ဘိုင်းရှိ ဗလီတွင် အမျိုးသမီးများအား ဝင်ရောက်ခွင့်ပြုမည်

ဖွဲ့စည်းပုံကို ချိုးဖောက်ခြင်း မရောက်အောင် မွမ်ဘိုင်းရှိ ဗလီတွင် အမျိုးသမီးများအား ဝင်ရောက်ခွင့်ပြုမည်

မွမ်ဘိုင်း၊ အောက်တိုဘာ ၂၄ ။        ။ အိန္ဒိယနိုင်ငံ မွမ်ဘိုင်းရှိ ဟာဂျီအလီဗလီ အုပ်ချုပ်ရေးအဖွဲ့က ဗဟိုတရားရုံး၏ အမိန့်အရ အမျိုးသမီးများ ဝင်ရောက်ခွင့် တားမြစ်ထားခြင်းအား ပယ်ဖျက်ပါမည်ဖြစ်ကြောင်း နိုင်ငံတော်တရားရုံးချုပ်တွင် ထွက်ဆိုသည်။

ဗလီအတွင်း အမျိုးသမီးများအား ဝင်ရောက်ခွင့် တားမြစ်ထားခြင်းသည် ဖွဲ့စည်းပုံကို ချိုးဖောက်ရာရောက်သကဲ့သို့ အမျိုးသမီးများအား ခွဲခြားဆက်ဆံခြင်းကိုလည်း ဦးတည်ကြောင်း သြဂုတ်လအတွင်းက ဗဟိုတရားရုံးက ပြောသည်။

ဗလီအုပ်ချုပ်ရေးအဖွဲ့က အမျိုးသားသူတော်စင်များ၏ အုတ်ဂူအား အမျိုးသမီးများ ထိတွေ့ခွင့်ပေးခြင်းသည် မကောင်းမှုတစ်ရပ်ပင်ဖြစ်ကြောင်း ပြောလျက် ၂၀၁၂ ခုနှစ်အတွင်းက ဗလီအတွင်းသို့ အမျိုးသမီးများ ဝင်ရောက်ခွင့်ကို တားမြစ်ထားခဲ့ခြင်းဖြစ်သည်။

ဗလီတွင်းသို့ အမျိုးသမီးများ ဝင်ရောက်ခွင့်အတွက် တက်ကြွလှုပ်ရှားသူများက ယနေ့ဖြစ်ရပ်က ကြီးစွာသော အောင်မြင်မှုဖြစ်ကြောင်း ပြောကြသည်။

“ကျွန်မတို့ဖက်က တရားရုံးက ရပ်တည်ခြင်းအတွက် အလွန်ကျေးဇူတင်းဝမ်းမြောက်မိတယ်။ ဘာသာရေး ယောက်ကျားသားတွေပဲ ကြီးစိုးထားတဲ့ သဘောထားကို ဆန့်ကျင်တဲ့ ကျွန်မတို့ဖက်က တရားရုံးက ရပ်တည်ပေးခဲ့တာပဲ။”ဟု အခွင့်အရေးလှုပ်ရှားရေးအဖွဲ့ Bharatiya Muslim Mahila Andolan မှ ကာကီယာဆိုမန်းက ပြောသည်။

အဆိုပါ အဖွဲ့က ၁၅ ရာစုခေတ်က လက်ရာဖြစ်သော အဆိုပါ ဗလီအတွင်းသို့ အမျိုးသမီးများ ဝင်ရောက်ခြင်းအား တားမြစ်ထားခြင်းကို ကန့်ကွက်ကာ တရားရုံးတင်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly