Samsung မှ Galaxy J7 Prime နှင့် J5 Prime စမတ်ဖုန်းသစ်များကို မိတ်ဆက်

Samsung မှ Galaxy J7 Prime နှင့် J5 Prime စမတ်ဖုန်းသစ်များကို မိတ်ဆက်

ရန်ကုန်၊အောက်တိုဘာ ၂၄  ။                 ။ သတ္တုကိုယ်ထည်၊ လက်ဗွေရာစနစ်၊ S Planning လုပ်ဆောင်ချက်တို့ပါဝင်သည့် Galaxy J7 Prime နှင့် J5 Prime စမတ်ဖုန်းမော်ဒယ်သစ်များအား Samsung မှ မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်လိုက်ပြီ ဖြစ်သည်။ 

Galaxy J7 Prime တွင် 2.5D Gorilla Glass 4 ကာကွယ်မှုနှင့်အတူ ၅.၅ လက်မအရွယ်အစားရှိ 1080p FHD မျက်နှာပြင်၊ 13 Megapixel နောက်ကင်မရာ နှင့်8 Megapixel ရှေ့ကင်မရာ တို့ပါဝင်သည်။3GB RAM၊ 32 GB ပမာဏရှိဖုန်းတွင်းမှတ်ဉာဏ်နှင့် ထပ်မံတိုးမြှင့်အသုံးပြု နိုင်ရန် microSD card slot တို့လည်းပါဝင်သည်။

ထို့ပြင် Home button နှင့် တွဲဖက်အသုံးပြုရသော လက်ဗွေ ရာ စနစ်ကိုလည်း ထည့်သွင်းထားပြီး 3,300mAh ဘက်ထရီလည်း ပါဝင်သည်။

Galaxy J5 Prime တွင် ၅ လက်အရွယ်အစားရှိ HD TFT မျက်နှာပြင်နှင့်အတူ 13 Megapixel နောက်ကင်မရာ နှင့် 5 Megapixel ရှေ့ကင်မရာတို့ပါဝင်သည်။ 2GB RAM ၊ 16 GB ပမာဏရှိ ဖုန်းတွင်းမှတ်ဉာဏ်နှင့်ထပ်မံ တိုးမြှင့်အသုံးပြုနိုင်ရန် အတွက်လည်း microSD card slotပါဝင်သည်။ 2,400 mAh ပမာဏရှိဘက်ထရီ၊ လက်ဗွေရာစနစ်၊ ဆင်းမ်ကဒ်နှစ်ကဒ် ထည့်သွင်းအသုံးပြုနိုင်သော slot နှင့် LTE ကွန်ယက် ချိတ်ဆက်မှုတို့ ပါဝင်သည်။ 

“အခုအသစ်ထုတ်လုပ်လိုက်တဲ့ Galaxy J7 Prime နဲ့ Galaxy J5 Prime စမတ်ဖုန်းတွေကို ကျွန်တော်တို့ရဲ့ နောက်ဆုံးပေါ် တီထွင်ဖန်တီးမှုတွေနဲ့ ထူးခြားတဲ့ဒီဇိုင်းတွေကို   ပေါင်းစပ်ဖန်တီး ထုတ်လုပ်ထားပါတယ၊် ကျစ်လစ်တဲ့  ကိုယ်ထည်က သုံးစွဲသူတွေရဲ့ လက်ထဲမှာ သာမက နေ့စဉ်ဘဝမှာပါ အဆင်ပြေလွယ်ကူစွာနဲ့ အံဝင်ခွင်ကျ ဖြစ်စေမှာ ဖြစ်ပါတယ်” ဟု Samsung Myanmar ၏ Head of IT and Mobile ကိုဇာနည်ဝင်းထက်က ဆိုသည်။      

စမတ်ဖုန်းအသစ်များ၏ S Power Planning လုပ်ဆောင်ချက်သည် ဖုန်းခေါ်ဆိုမှုအတွက် ဘက်ထရီအား ချန် ထား ပေးခြင်း၊ ဘက်ထရီသက်တမ်းအား တိုးမြှင့်ပေးထားခြင်းနှင့် ဘက်ထရီမရှိသည့်အခါ ဖုန်းခေါ်ဆိုမှု များ အား call forwarding အလိုအလျောက်ပြုလုပ်ပေးခြင်းအစရှိသည့် ရွေးချယ်မှုသုံးမျိုးနှင့်အတူ သုံးစွဲသူများ ၏ ဖုန်းဘက်ထရီသက်တမ်းအား ချွေတာနိုင်စေရန် ကူညီပေးသွားမည်ဖြစ်သည်။

Galaxy J7 Prime အား ဈေးနှုန်း ၃၂၈,၀၀၀ ကျပ်ဖြင့် အောက်တိုဘာလ ဒုတိယအပတ်မှစ၍ ရောင်းချလျက် ရှိပြီး လက်ရှိတွင် အနက်ရောင်နှင့် ရွှေဖြူရောင်များကို ရောင်းချပေးလျက်ရှိသည်။ Galaxy J7 Prime ၏ Pink Gold နှင့် Galaxy J5 Prime ကိုလည်း လာမည့်ရက်သတ္တပတ်များအတွင်း စတင်ရောင်းချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly