ပြိုင်ဘက်ကုမ္ပဏီနဲ့ စာချုပ်ချုပ်ဆိုမှုကြောင့် One Direction အဖွဲ့ဝင်ဟောင်း နီအဲလ်ဟိုရန်ကို “X Factor” ပြိုင်ပွဲတွင် ဖျော်ဖြေခွင့်ပိတ်ပင်ခဲ့တဲ့ ဆိုင်မွန်ကိုဝဲလ်

ပြိုင်ဘက်ကုမ္ပဏီနဲ့ စာချုပ်ချုပ်ဆိုမှုကြောင့် One Direction အဖွဲ့ဝင်ဟောင်း နီအဲလ်ဟိုရန်ကို “X Factor” ပြိုင်ပွဲတွင် ဖျော်ဖြေခွင့်ပိတ်ပင်ခဲ့တဲ့ ဆိုင်မွန်ကိုဝဲလ်

နယူးယော့ခ် ၊ အောက်တိုဘာ ၂၄ ။          ။ X Factor” သီချင်းဆိုပြိုင်ပွဲ အကြီးအကဲ ဆိုင်မွန်ကိုဝဲလ်က One Direction အဖွဲ့ဝင်ဟောင်း နီအဲလ်ဟိုရန်သည် ပြိုက်ဘက်ကုမ္ပဏီတစ်ခုနှင့်  စာချုပ်ချုပ်ဆိုခဲ့မှုကြောင့် “X Factor”  ပြိုင်ပွဲတွင် ဟိုရန်၏ ဖျော်ဖြေမှုကို ပိတ်ပင်ခဲ့သည်။

“ ဟိုရန်ဟာ ကျန်ရှိနေသေးသော  X Factor ပြိုင်ပွဲ အစီစဉ်များတွင် တေးသီချင်းဖြင့် ဖျော်ဖြေပေးဖို့ ဖိတ်ကြားခံရမှာမဟုတ်ပါဘူး” ဟု အတွင်းလူတစ်ဦးက ပြောကြားသည်။

“ဆိုင်မွန်က  One Direction အဖွဲ့ဝင်တွေဟာ X Factor ပြိုင်ပွဲအပေါ် သစ္စာရှိတဲ့သူတွေလို့ အမှန်တစ်ကယ် တွေးထင်ထားတယ်။ဆိုင်မွန်ဟာ ပြိုင်ပွဲမှာ သူတို့အပေါ် ညွန်ကြားပြသပေးခဲ့တယ်။သူတို့တွေ ကမ္ဘာတစ်ဝန်းမှာ အောင်မြင်အောင်  လုပ်ပေးခဲ့တယ်။”ဟု အတွင်းလူတစ်ဦးက ပြောကြားသည်။

“ ဆိုင်မွန်ဟာ One Direction အဖွဲ့ဝင်တွေအပေါ် ဘယ်လိုအခွင့်ရေးမျိုးကိုမှ ပေးမှာမဟုတ်တော့ပါဘူး။ အဆိုတော်တွေဟာ X Factor ပြိုင်ပွဲမှာ ဖျော်ဖြေဖို့ကို နှစ်သက်ကြတာကို ဆိုင်မွန်က သိထားတယ်။ ဘာလို့လဲဆိုတော့ ပြိုင်ပွဲကို ကြည့်ရှုသူဟာ ရှစ်သန်းလောက်ရှိတယ်။ ဒါဟာ သူတို့ရဲ့ တေးသီချင်းကို အရောင်းမြှင့်တင်မှုတွေ လုပ်ဖို့အတွက် အရမ်းကို အဆင်ပြေပါတယ်”ဟု အတွင်းလူတစ်ဦးက ပြောကြားသည်။

“ ဟိုရန်ဟာ ‘The Graham Norton Show’ အစီစဉ်ကို ရွေးချယ်သွားတယ်။ ဒါကြောင့်  ဆိုင်မွန်က X Factor ပြိုင်ပွဲမှာ ဟိုရန်ကို သီဆိုဖျော်ဖြေခွင့်မပေးတော့တာပါ။  X Factorက ဟိုရန်ရဲ့ ဒီလိုမျိုး လုပ်ရပ်ကို မနှစ်သက်ပါဘူး”ဟု အတွင်းလူတစ်ဦးက ပြောကြားသည်။

One Direction အဖွဲ့ဝင်ဟောင်း Liam Payne သည်လည်း ပြိုင်ဘက်ကုမ္ပဏီတစ်ခုနှင့် စာချုပ်ချုပ်ဆိုခဲ့မှုကြောင့် နာမည်ပျက်စာရင်းသွင်းထားကြောင်း သတင်းအရင်းမြစ်တစ်ခုက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly