ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုအတွက် ပထမဆန်ခါတင် ၁၀ ဦးစာရင်းကို ကြေညာ

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုအတွက် ပထမဆန်ခါတင် ၁၀ ဦးစာရင်းကို ကြေညာ

အောက်တိုဘာ ၂၄ ။             ။ ၂၀၁၆ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုအတွက် ဆန်ခါတင်ကစားသမား ၃၀ ဦးရွေးချယ်မည်ဖြစ်ပြီး ယခု ပထမ ၁၀ ဦးစာရင်းကို ထုတ်ပြန်ကြေညာလိုက်ပြီ ဖြစ်သည်။

ကျန်ရှိနေသည့် ကစားသမား ၂၀ ဦးစာရင်းကို မကြာမီအချိန်အတွင်း ၂ နာရီလျှင် တစ်ကြိမ်ငါးဦးနှုန်းဖြင့် ထပ်မံကြေညာသွားမည်ဖြစ်သည်။

ယခုထုတ်ပြန်လိုက်သည့် ပထမ ၁၀ ဦးစာရင်းတွင် ရီးယဲလ်အသင်းဖော်များဖြစ်သည့် စီရော်နယ်ဒိုနှင့် ဂါရတ်ဘေးလ်တို့ ဦးဆောင်ပါဝင်ခဲ့ပြီး ဥရောပအကောင်းဆုံးကစားသမားဆု ဆန်ခါတင်စာရင်းဝင် ပြင်သစ်တိုက်စစ်မှူး ဂရစ်ဇ်မန်လည်း ပါဝင်ခဲ့သည်။

ကျန်ကစားသမား ၇ ဦးမှာ မန်စီးတီးမှ အဂူရိုနှင့် ဒီဘရိုင်း၊ ဒေါ့တ်မွန်တိုက်စစ်မှူး အူဘာမီယန်း၊ ဂျူဗင်တပ်စ်အသင်းမှ ဂိုးသမား ဘတ်ဖွန်၊ တိုက်စစ်မှူးများဖြစ်သည့် ဟီဂူအင်နှင့် ဒိုင်ဘာလာ၊ အက်သလက်နောက်ခံလူ ဒီယေဂိုဂိုဒင်တို့ ဖြစ်သည်။

Ballon d'Or ဆုကို ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ကြီးမှူးပြီး ၁၉၅၆ ခုနှစ်မှ စတင်ကာ ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် လွန်ခဲ့သည့်ခြောက်နှစ်က စတင်ကာ ဖီဖာနှင့်ပူးပေါင်းပြီး Fifa Ballon d'Or အဖြစ် ပေးအပ်ချီးမြှင့်ခဲ့သည်။

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ၂၀၀၇ ခုနှစ်နောက်ပိုင်းတွင် မက်ဆီနှင့်စီရော်နယ်ဒိုတို့နှစ်ဦးကသာ တစ်လှည့်စီ ရရှိနေခဲ့ကြပြီး ယခုနှစ်တွင်လည်း စီရော်နယ်ဒိုသာ ရရှိရန် ရေပန်းအစားဆုံးဖြစ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly