၂၀၁၀ နောက်ပိုင်း အမှတ်ပေးပြိုင်ပွဲတွင် ငါးပွဲဆက်ဂိုးပေါက်ပျောက်ခဲ့သည့် အီဗရာဟီမိုဗစ်ချ်

၂၀၁၀ နောက်ပိုင်း အမှတ်ပေးပြိုင်ပွဲတွင် ငါးပွဲဆက်ဂိုးပေါက်ပျောက်ခဲ့သည့် အီဗရာဟီမိုဗစ်ချ်

အောက်တိုဘာ ၂၄၊ အင်္ဂလန် ။             ။ မန်ယူအသင်းက ချယ်လ်ဆီးအသင်းကို ၄-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသောကြောင့် မန်ယူတိုက်စစ်မှူး အီဗရာဟီမိုဗစ်ချ်မှာ ၂၀၁၀ ခုနှစ်နောက်ပိုင်း အမှတ်ပေးပြိုင်ပွဲတွင် ငါးပွဲဆက်ဂိုးမသွင်းနိုင်ခြင်း ဖြစ်ခဲ့ရသည်။

ပီအက်စ်ဂျီတိုက်စစ်မှူးဟောင်း မိုဗစ်ချ်သည် ပြီးခဲ့သည့်ခြောက်နှစ်က အေစီမီလန်အသင်းတွင် ကစားစဉ် အမှတ်ပေးပွဲ၌ ငါးပွဲဆက်ဂိုးမသွင်းနိုင်သည့် အဖြစ်မျိုးကြုံတွေ့ခဲ့ရဖူးသည်။ သို့သော် ထိုရာသီတွင် မိုဗစ်ချ်မှာ လိဂ်သွင်းဂိုး ၁၄ ဂိုးသွင်းနိုင်ခဲ့ပြီး အေစီမီလန်အသင်းကို စီးရီးအေဖလားရရှိအောင် ကူညီပေးနိုင်ခဲ့သည်။

မိုဗစ်ချ်သည် မန်ယူကို ရောက်ရှိစက လေးပွဲဆက်တိုက်ဂိုးသွင်းနိုင်ခဲ့သော်လည်း ယခုအချိန်တွင် လိဂ်ပြိုင်ပွဲ၌ ငါးပွဲဆက် ဂိုးပေါက်ပျောက်နေရပြီဖြစ်သည်။ ဝက်ဖို့ဒ်အသင်းကို ၃-၁ ဂိုးဖြင့်ရှုံးခဲ့ရသည့် ပွဲစဉ်မှ စတင်ကာ လက်စတာ၊ စတုခ်၊ လီဗာပူးလ်၊ ချယ်လ်ဆီးတို့နှင့်ပွဲစဉ်များတွင် မိုဗစ်ချ်ဂိုးပေါက်ပျောက်နေခဲ့ခြင်း ဖြစ်သည်။

အသက် ၃၅ နှစ်အရွယ်ရှိ မိုဗစ်ချ်သည် ပရော်ဖက်ရှင်နယ်ကစားသမားဘဝတွင် အမှတ်ပေးပွဲပေါင်း ၄၉၃ ပွဲကစားထားပြီး ၃၀၆ ဂိုးသွင်းယူပေးထားသည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly