ရေယာဉ်နစ်မြုပ်မှုနှင့် ပတ်သက်၍ ပြည့်စုံသော စစ်ချက်ရသည်အထိ ဆောင်ရွက်မည်ဟု ရဲတပ်ဖွဲ့မှူးပြော

ရေယာဉ်နစ်မြုပ်မှုနှင့် ပတ်သက်၍ ပြည့်စုံသော စစ်ချက်ရသည်အထိ ဆောင်ရွက်မည်ဟု ရဲတပ်ဖွဲ့မှူးပြော

မုံရွာ၊ အောက်တိုဘာ ၂၃။              ။ ချင်းတွင်းမြစ်အတွင်း ရေယာဉ်နစ်မြုပ်ခဲ့မှု နှင့်ပတ်သက်၍ ပြည့်စုံသောစစ်ချက်များ ရရှိသည်အထိ ဆောင်ရွက်ပေးသွားမည်ဟု စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လူလူသန်းက ပြောသည်။

အောက်တိုဘာ ၂၂ ရက်က အမြန်ရေယာဉ် နစ်မြုပ်မှုနှင့်ပတ်သက်၍ မုံရွာမြို့၊ မြသလ္လာခမ်းမတွင် ရှင်းလင်းပွဲပြုလုပ်ခဲ့ရာ ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

"ပြည့်စုံတဲ့စစ်ချက်တစ်ခုရဖို့ဆိုတာက ရက်ကန့်သက်ချက်ထားလို့မရပါဘူး။ ဒါပေမဲ့ ရတဲ့အထိ ဆောင်ရွက်ပေးသွားမှာပါ။" ဟု  ၎င်းကပြောသည်။

လက်ရှိတွင် ရေယာဉ်လုပ်သား (၄)ဦးအား ရမန်ယူ ဖမ်းဆီးချုပ်နှောင်ထားပြီး ရေယာဉ်မောင်းနှင်သူနှင့် ရေယာဉ်ပိုင်ရှင်တို့မှာ စုံစမ်းဖမ်းဆီး ဆဲဖြစ်ကြောင်း ရဲမှူးကြီးက ပြောသည်။

အောက်တိုဘာ ၁၅ ရက် နံနက်ပိုင်းက ကနီမြို့နယ်၊ မိချောင်းတွင်းကျေးရွာအနီးတွင် ဟုမ္မလင်းမှမုံရွာသို့မောင်းနှင်လာသော အောင်စိုးမိုးကျော်(၂) အမြန်ရေယာဉ်မှာ နစ်မြုပ်ခဲ့ပြီး ခရီးသည် ၇၃ ဦးသေဆုံးခဲ့ရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးထင်ကျော်မှလည်း တာဝန်ရှိသူများကို ဖော်ထုတ်အရေးယူပေးရန် အောက်တိုဘာ ၂၀ ရက်က ကြောညာချက်ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly