“အလှအပအတွက် မရှိမဖြစ် ရှားစောင်းလက်ပက်ဂျယ်လ်”

“အလှအပအတွက် မရှိမဖြစ် ရှားစောင်းလက်ပက်ဂျယ်လ်”

ဒီတစ်ပါတ်မှာတော့ အသားအရေထိန်းသိမ်းလိုတဲ့ ပျိုမေတွေအတွက် ရှားစောင်းလက်ပက်ရဲ့ အရေးပါပုံ အခန်းကဏ္ဍလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

တင်းတိတ်ဖြစ်နေသူများအတွက်

ညအိပ်ရာမဝင်ခင် လတ်လတ်ဆတ်ဆတ် ရှားစောင်းလက်ပက်ဂျယ်လ်လေးကို တင်းတိတ်ဖြစ်နေတဲ့နေရာတွေမှာ လိမ်းပြီး ညအိပ်ရာဝင်ပါ။ မနက်မိုးလင်းကျတော့မှ မျက်နှာသစ်ပါ။ နေ့စဉ်ပြုလုပ်ပေးသွားမယ်ဆိုရင်  ထူးခြားတဲ့ရလဒ်ကို ရရှိမှာပါ။

နောက်တစ်နည်းကတော့

ရှားစောင်းလက်ပက်ဂျယ်လ် (စားပွဲတင်ဇွန်း၂ဇွန်း)နှင့် ပျားရည်စစ်စစ် (စားပွဲတင်ဇွန်းတစ်ဝက်) တို့ကို နှံ့စပ်စွာရောနယ်ပြီး ၁၀မိနစ်ခန့် ထားထားပါ။ ထို့နောက်မှ မျက်နှာပေါ်မှာ လိမ်းပေးပပြီး သဘာဝအတိုင်း ခြောက်အောင်ထားပေးပါ။ မိနစ်၂၀ခန့်ထားပြီး ကြက်သီးနွေးရေလေးနဲ့ ဆေးကြောပေးပါ။ တစ်နေ့တစ်ကြိမ် မှန်မှန်လုပ်ပေးပါ။

ဒူးခေါင်းနှင့်တံတောင်ဆစ်မည်းသူများအတွက်

ရှားစောင်းလက်ပက်ဂျယ်လ် ရှားစောင်းလက်ပက်ဂျယ်လ်ကို မည်းနေတဲ့နေရာတွေမှာ  လိမ်းပေးပြီးနာရီဝက်ခန့် ထားထားပေးပါ။ ထို့နောက် ရေနဲ့ ဆေးချလိုက်ပါ။

မျက်နှာပြင်ပေါ်က အမည်းစက်တွေကြောင့် စိတ်ညစ်နေရသူများအတွက်

လတ်လတ်ဆတ်ဆတ် ရှားစောင်းလက်ပက်ဂျယ်လ်ကို အမည်းစက်ဖြစ်တဲ့နေရာတွေမှာ လိမ်းပေးပါ။ ထို့နောက် မျက်နှာကို လက်ထိပ်လေးနဲ့ မိနစ်အနည်းငယ်လောက် ညင်ညင်သာသာ နှိပ်ပေးပါ။ ထို့နောက် ၁၅မိနစ်-မိနစ်၂၀လောက်ထားပြီး ရေနဲ့ဆေးကြောလိုက်ပါ၊ တစ်နေ့ကို တစ်ကြိမ်မှ နှစ်ကြိမ်ခန့် နေ့ စဉ်ပုံမှန်လုပ်ပေးသင့်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly