နောက်ခံလူ ခရစ္စတီယန်ဖွတ်ရှ်ကို လက်စတာအသင်း စာချုပ်သစ်ချုပ်ဆို

နောက်ခံလူ ခရစ္စတီယန်ဖွတ်ရှ်ကို လက်စတာအသင်း စာချုပ်သစ်ချုပ်ဆို

အောက်တိုဘာ ၂၃၊ အင်္ဂလန် ။            ။ အသင်း၏ အဓိကနောက်ခံကစားသမားတစ်ဦးဖြစ်သူ ခရစ္စတီယန်ဖွတ်ရှ်ကို ၂၀၁၉ ခုနှစ်အထိ စာချုပ်သက်တမ်းတိုး ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း လက်စတာအသင်းက ထုတ်ပြန်ကြေညာလိုက်သည်။

အသက် ၃၀ အရွယ်ရှိ ဖွတ်ရှ်သည် ၂၀၁၅ ခုနှစ်က အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်စတာသို့ရောက်လာခဲ့ပြီး သုံးနှစ်စာချုပ်ချုပ်ဆိုခဲ့သည်။ ထို့နောက်တွင် လက်စတာအသင်းအတွက် အဓိကနောက်ခံလူတစ်ဦးအဖြစ် ခြေစွမ်းပြကာ ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်ချန်ပီယံဆုကြီးကို ရရှိခဲ့သူဖြစ်သည်။

စာချုပ်ချုပ်ဆိုပြီးနောက်တွင် ဖွတ်ရှ်က ‘လက်စတာအသင်းမှာ ဆက်လက်ကစားခွင့်ရမှာဖြစ်လို့ ကျွန်တော် ပျော်ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက ကျွန်တော်တို့ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ကြပါတယ်။ ဒီရာသီမှာလည်း ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အကောင်းဆုံးလုပ်ဆောင်ပြထားပါတယ်။

ဒီမှာကစားရတာ တကယ်ပျော်ပါတယ်။ လက်စတာမှာ ကျွန်တော့်ရဲ့အကောင်းဆုံးခြေစွမ်းကို ပြန်လည်ရရှိခဲ့ပါတယ်။ ကျွန်တေ်ာ့ရဲ့နာမည်က သြစတြီးယန်း မြေခွေးပါ။ အခု အင်္ဂလိပ်မြေခွေးတွေနဲ့အတူ ရှေ့ဆက်ရပါတော့မယ်’ ဟု ပြောဆိုခဲ့သည်။

လက်စတာအသင်းက ပဲလေ့စ်အသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် ခရစ္စတီယန်ဖွတ်ရှ်က လှပသည့်အဝေးကန်ချက်ဖြင့် အနိုင်ဂိုးတစ်ဂိုးသွင်းယူပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly