နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၁ ရက် ဂျပန်သို့ သွားရောက်မည်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၁ ရက် ဂျပန်သို့ သွားရောက်မည်

အောက်တိုဘာ ၂၁ ။              ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် လာမည့် နိုဝင်ဘာလ ၁ ရက်တွင် ဂျပန်နိုင်ငံသို့ ငါးရက်တာ အလည်အပတ်ခရီးသွားရောက်မည်ဖြစ်သည်ဟု သိရသည်။

အဆိုပါ ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်မှာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်သည့်အပြင် ဂျပန်ဘုရင် အာခီဟီတို၊ မိဖုရား မီချီကို တို့နှင့်လည်း တွေ့ဆုံမည်ဖြစ်ကြောင်း ဂျပန်အစိုးရ ဝန်ကြီးအဖွဲ့ အတွင်းရေးမှူးချုပ် ယိုရှီဟိုက် ဆူဂါက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားသွားသည်။

" ဒေါ်အောင်ဆန်းစုကြည် လာရောက်မယ့် ခရီးစဉ်ဟာ သမိုင်းကြောင်းအရ ချစ်ကြည်ရင်းနှီးစွဲရှိတဲ့ ဂျပန်-မြန်မာအကြား ဆက်ဆံမှုတွေကို ပိုမိုခိုင်မာစေပါလိမ့်မယ်" ဟု မစ္စတာ ဆူဂါက ပြောသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီး တာဝန်များ ကိုင်တွယ်ဆောင်ရွက်နေသော ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပြီးခဲ့သည့် ၂၀၁၃ ဧပြီလကလည်း ဂျပန်သို့ သွားရောက်ခဲ့ဖူးပြီး ယင်းအချိန်က သူမမှာ ပါလီမန်အတိုက်အခံအမတ်တစ်ခုအဖြစ်သာ ရှိသေးသည်။

ယခုအခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရွေးကောက်ပွဲအနိုင်ခဲ့ပြီးနောက်ပိုင်း ဂျပန်ဝန်ကြီးချုပ်က နိုင်ငံသို့ လာရောက်ရန် ဖိတ်ကြားထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly