မြန်မာနိုင်ငံမှ လူကုန်ကူးခံရသူများအပေါ် ထိုင်းစစ်တပ်က လစ်လျူရှုကြောင်း ရေးသားသည့် သတင်းဌာနအား တရားရုံးတွင် စတင်စစ်ဆေး

မြန်မာနိုင်ငံမှ လူကုန်ကူးခံရသူများအပေါ် ထိုင်းစစ်တပ်က လစ်လျူရှုကြောင်း ရေးသားသည့် သတင်းဌာနအား တရားရုံးတွင် စတင်စစ်ဆေး

မြန်မာနိုင်ငံမှ လူကုန်ကူးခံရသူများအပေါ် ထိုင်းစစ်တပ်က လာဘ်စားကာ လစ်လျူရှုခဲ့ကြောင်း ရေးသားသည့် Phuketwan ဝက်ဘ်ဆိုက်အား ထိုင်းတော်ဝင်ရေတပ်က တရားစွဲဆိုထားမှုကို  ဇူလိုင် ၁၇ ရက်တွင် တရားရုံးက စတင်စစ်ဆေးမည်ဖြစ်သည်။

တရားစွဲဆိုမှုဖြစ်ပွားစေခဲ့သည့် အဆိုပါသတင်းကို ရိုက်တာသတင်းဌာနက ၂၀၁၃ ခုနှစ်တွင် ဖော်ပြခဲ့ရာ အဆိုပါသတင်းဌာနအနေဖြင့် ပူလစ်ဇာဆု ရရှိခဲ့သည်။ အယ်ဒီတာ အာလန်မော်ရစ်ဆန်နှင့် ဂျာနယ်လစ်ချူတီမာဆီဒါဆတ်သီယန်တို့သည်လည်း အမြင့်ဆုံး ထောင်ဒဏ် ခုနစ်နှစ်နှင့် ဒဏ်ငွေ ဘတ် သုံးသိန်းအထိ ချမှတ်နိုင်သည့် ကွန်ပြူတာ ရာဇဝတ်မှု အက်ဥပဒေဖြင့် တရားရင်ဆိုင်နေရသည်။ 

တရားပြိုင်များအနေဖြင့် အဆိုပါသတင်းအတွက် ပြန်လည်တောင်းပန်ရန် ငြင်းဆိုခဲ့သောကြောင့် ညှိနှိုင်းဆွေးနွေးမှု မလုပ်နိုင်ခဲ့ကြောင်း တရားလိုဘက်မှ ရေတပ်ဗိုလ်ကြီးတစ်ဦးက ပြောကြားသည်။ 

တရားရင်ဆိုင်နေစဉ်အတွင်း ဝက်ဘ်ဆိုက်ကို ပိတ်ထားပြီဖြစ်ကာ ပြန်လည်လုပ်ဆောင်ရန်လည်း မသေချာကြောင်း အယ်ဒီတာမော်ရစ်ဆန်က ပြောကြားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly