သဗ္ဗေညု အပါအဝင် ပုဂံဘုရားအချို့ကားဖြတ်သန်း မောင်းနှင်ခွင့်ပိတ်

သဗ္ဗေညု အပါအဝင် ပုဂံဘုရားအချို့ကားဖြတ်သန်း မောင်းနှင်ခွင့်ပိတ်

ရန်ကုန် ၊ အောက်တိုဘာ ၂၀ ။           ။ သဗ္ဗေညု ဘုရားအပါအဝင် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်းရှိ ဘုရားစေတီအချို့အနီးတွင် ကားများ ဖြတ် သန်းမောင်းနှင်ခွင့် ပိတ်ပင်ထားကြောင်း ရှေးဟောင်းသုတေသန ဌာန ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က မဇ္ဈိမကို ပြောသည်။

သဗ္ဗေညု ဘုရား၊ သရပါတံခါး၊ ပုထိုးသားများဘုရား၊ နတ်လျောင်းကျောင်း စသည့် နေရာများအနီးတွင် ကားများ ဖြတ် သန်းမောင်းနှင်ခွင့် ပိတ်ပင်ထားပြီး ပုဂံဘုရားများ၏ ရေရှည်တည်တံ့ရေးအတွက် ပိတ်ပင်ရခြင်း ဖြစ်ကြောင်း ၎င်းက ဆို သည်။

" သူရဲ့ ကြံ့ခိုင်မှုပေါ့နော် ၊ ရေရှည်ကြံ့ခိုင်မှုအတွက် ယာဉ်ကြီးတွေဖြတ်သွားတော့ အဲ့မှာတုန်ခါမှုတွေများပြီးတော့ အက်ကြောင်းဖြစ်လာတယ်။ အရင်တုန်းက မကြာခဏပိတ်ပါတယ်၊ တခါတလေ ပြန်ဖွင့်ပေးတယ်။ အခုတော့ ယာဉ်ငယ်လေး တွေပါ ပိတ်လိုက်တဲ့သဘောပေါ့" ဟု ဦးသိန်းလွင်က ပြောသည်။

အဆိုပါ စေတီပုထိုးများအနီး သွားလာနိုင်ရန်အတွက် လမ်းသစ်များဖောက်လုပ်ပေးနေပြီး ကားပါကင်အသစ်များ တည်  ဆောက်ပေးနေကြောင်း ဦးသိန်းလွင်၏ ပြောကြားချက်အရ သိရသည်။

ယခု အခါ ရွှေဆံတော်ဘုရားနှင့် တောင်ဂူနီ ဘုရား နှစ်ဆူသာ နေဝင်နေထွက် ကြည့်ရန် ခွင့်ပြုထားကြောင်းလည်း သိရ သည်။

သြဂုတ်လ ၂၄ ရက်နေ့က အင်အား ရစ်ချက်စ်တာ စကေး ၆.၈ အဆင့်ရှိပြီး မြန်မာပြည်အလယ်ပိုင်းကို ဦးတည် လှုပ်ခတ် ခဲ့ သည့် ငလျင်ကြောင့် ပုဂံယဉ်ကျေးမှုနယ်မြေ အတွင်းရှိ ဘုရားပုထိုးစေတီပေါင်း ၃၉၀ ကျော် ထိခိုက်ပျက်စီးခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly