၂၀၁၅ အူရီဒူး မြန်မာနေရှင်နယ်လိဂ် ဒုတိယအကျော့ပွဲစဉ်များ ဇူလိုင် ၁၇ တွင် ပြန်လည်စတင်မည်

၂၀၁၅ အူရီဒူး မြန်မာနေရှင်နယ်လိဂ် ဒုတိယအကျော့ပွဲစဉ်များ ဇူလိုင် ၁၇ တွင် ပြန်လည်စတင်မည်
ပထမအကျော့တွင် ရခိုင်ယူနိုက်တက်အသင်းနှင့် မကွေးအသင်းတို့ အကြိတ်အနယ်ကစားခဲ့စဉ်။ (ဓာတ်ပုံ - မကွေးအက်ဖ်စီ)

ဇူလိုင် ၁၆၊ ရန်ကုန်။ ။ ၂၀၁၅ အူရီဒူးမြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲ ဒုတိယအကျော့ ပွဲစဉ်များကို  ဇူလိုင် ၁၇ ရက်တွင် ပြန်လည်စတင်မည်ဖြစ်သည်။

ဒုတိယအကျော့အစဖြစ်သည့် ပွဲစဉ် (၁၂)တွင် အမှတ်ပေးဇယား ထိပ်ဆုံးက ဦးဆောင်နေသော ရန်ကုန်အသင်းမှာ ဟံသာဝတီအသင်းနှင့် ကစားရမည်ဖြစ်သလို ဒုတိယနေရာမှ ဧရာဝတီအသင်းမှာ ဇွဲကပင်အသင်းနှင့် ကစားရမည်ဖြစ်သည်။

ဇူလိုင် ၁၇ ရက် ရန်ကုန်မြို့၊ သုဝဏ္ဏဘောလုံးကွင်းတွင် ဟံသာဝတီအသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင် ကစားမည်ဖြစ်ပြီး ဇူလိုင် ၁၈ ရက်တွင် တောင်ကြီးကွင်း၌ ကမ္ဘောဇအသင်းနှင့် ဇေယျာရွှေမြေအသင်း၊ ပုသိမ်မြို့၊ ဧရာဝတီကွင်း တွင် ဧရာဝတီယူနိုက်တက်အသင်းနှင့် ဇွဲကပင်ယူနိုက်တက်အသင်း၊ အောင်ဆန်းကွင်းတွင် မကွေးအသင်းနှင့် ရခိုင်ယူနိုက်တက်အသင်း၊ မန္တလေးမြို့၊ ဗထူးကွင်းတွင် ရတနာပုံအသင်းနှင့် နေပြည်တော်အသင်း၊ သုဝဏ္ဏကွင်းတွင် မနောမြေအသင်း နှင့် ချင်းယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ် ပထမအကျော့ ၁၁ ပွဲအပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်းက ၁၁ ပွဲစလုံး အနိုင်ရရှိကာ ရမှတ် ၃၃ မှတ်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ဧရာဝတီ ယူနိုက်တက်အသင်းက ရမှတ် ၂၅ မှတ်ဖြင့် ဒုတိယနေရာတွင် ရပ်တည်နေသည်။ အမှတ်ပေးဇယား အဆင့် ၈ မှ ၁၂ အတွင်း ရပ်တည်နေသော ဇွဲကပင်ယူနိုက်တက်အသင်း၊ ရခိုင်ယူနိုက်တက်အသင်း၊ ဟံသာဝတီယူနိုက်တက်အသင်းနှင့် မနောမြေ အက်ဖ်စီအသင်းတို့မှာ တန်းဆင်းဇုန် အန္တရာယ်ရှိနေသောကြောင့် ဒုတိယအကျော့ လက်ကျန်ပွဲစဉ်များ၌ တန်းမဆင်းရရန် ပိုမိုရုန်းကန်လာဖွယ်ရှိနေသည်။

နေရှင်နယ်လိဂ် ပွဲစဉ် ၁၂ ပွဲစဉ်များ
------------------------------------
၁၇-၇-၂၀၁၅   ဟံသာဝတီ  -  ရန်ကုန်ယူနိုက်တက်   (ညနေ ၄း၀၀)  သုဝဏ္ဏ
၁၈-၇-၂၀၁၅   ကမ္ဘောဇ  -  ဇေယျာရွှေမြေ     (ညနေ ၃း၃၀)  တောင်ကြီး
၁၈-၇-၂၀၁၅   ဧရာဝတီ  -  ဇွဲကပင်      (ညနေ ၃း၃းဝ)  ဧရာဝတီ
၁၈-၇-၂၀၁၅   မကွေး  -  ရခိုင်ယူနိုက်တက်   (ညနေ ၄း၀၀)  အောင်ဆန်း
၁၈-၇-၂၀၁၅   ရတနာပုံ  -  နေပြည်တော်  (ညနေ ၄း၀၀)  ဗထူး
၁၈-၇-၂၀၁၅   မနောမြေ  -  ချင်းယူနိုက်တက်  (ညနေ ၄း၀၀)  သုဝဏ္ဏ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly