အောင်စိုးမိုးကျော် ရေယာဉ်တိမ်းမှောက်မှုတွင် သေဆုံးသူများကို သဂြိုလ်ရန် လူကယ်ပြန်က ငွေကျပ်တစ်သိန်းစီ ထောက်ပံ့

အောင်စိုးမိုးကျော် ရေယာဉ်တိမ်းမှောက်မှုတွင် သေဆုံးသူများကို သဂြိုလ်ရန် လူကယ်ပြန်က ငွေကျပ်တစ်သိန်းစီ ထောက်ပံ့

ရန်ကုန်၊ အောက်တိုဘာ ၂၀ ။               ။ ချင်းတွင်းမြစ်တွင်း အမြန်ရေယာဉ် တိမ်းမှောက်မှုကြောင့် သေဆုံးသွားသူများအား သြင်္ဂိုလ်စာရိတ် တစ်သိန်းကျပ်စီ ထောက်ပံ့ထားကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးက ပြောသည်။

အောက်တိုဘာ ၁၅ ရက်နေ့တွင် ဟုမ္မလင်း-မုံရွာသို့ ပြေးဆွဲနေသည့်  အောင်စိုးမိုးကျော်ရေယာဉ်သည် စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် မိချောင်းတွင်းကျေးရွာအနီး ချင်းတွင်းမြစ်အတွင်း တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ခရီသည် အများအပြား သေဆုံးခဲ့ရပြီး ရာနှင့်ချီ၍ ပျောက်ဆုံးခြင်း ဖြစ်သည်။

"ဒီတိမ်းမှောက်မှုမှာ ပါသွားခဲ့ကြတဲ့ ပညာရေးဝန်ထမ်းတွေအပါအဝင် ပြည်သူပြည်သား အားလုံးအတွက် လတ်တလော ကူညီထောက်ပံ့မှု တွေအနေနဲ့  အသက်ရှင်ကျန်ရစ်ခဲ့တဲ့လူတွေ၊   ဆေးရုံရောက်သွားတဲ့ သူတွေ အတွက် လတ်တလော သုံးစွဲနိုင်ဖို့ ငွေ နှစ်သောင်း အနည်းဆုံးထောက်ပံ့ပါတယ်၊ သေဆုံးသွားခဲ့ရတဲ့ သူတွေ အတွက်ကတော့  ကျန်ရစ်တဲ့ မိ သားစုဝင်တွေကနေ ဘာသာရေးထုံးထမ်း အစဉ်အလာအရ ကောင်းမှုကုသိုလ်တွေ လုပ်ပေးဖို့ပဲဖြစ်ဖြစ် အဲဒီအတွက် သုံးနိုင်ဖို့ နိုင်ငံတော်ဘတ်ဂျက် ဝန်ကြီးဌာန ဘတ်ဂျက်ကနေ ငွေကျပ်တစ်သိန်း ထောက်ပံ့ပါတယ်" ဟု ဆိုသည်။

အဆိုပါ ရေယာဉ် ဆယ်ယူရေးလုပ်ငန်းဆောင်ရွက်ရာ နေရာသို့ ကယ်ဆယ်ရေးက ဒုတိယ ညွှန်ကြားရေးမှူးချူပ်၊ တိုင်း ဦးစီးမှူးတို့မှ တိုင်းဒေသကြီး အစိုးရနှင့် ပူးပေါင်း၍ လိုအပ်သည့် အကူအညီများ   ဆောင်ရွက်ပေးနေကြောင်းနှင့် ကျန် ရစ်သည့် မိသားစုများအတွက် ထောက်ပံ့နိုင်ရန် စာရင်းဇယားများ ပြုလုပ်နေကြောင်း ၎င်း၏ ပြောကြားချက်အရ သိရ သည်။

အဆိုပါ ရေယာဉ် တိမ်းမှောက်မှုကြောင့် အောက်တိုဘာလ ၂၀ရက်နေ့ နေ့လည် ၁၂နာရီခွဲ အချိန်ထိ သေဆုံးသူ စုစု ပေါင်းမှာ ၇၀ ဝန်းကျင် ရှာဖွေတွေ့ရှိထားပြီဖြစ်ကြောင်း  ကနီမြို့ နယ် တိုင်းကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ဆို သည်။    

အောက်တိုဘာ ၁၉ရက်နေ့ အထိထုတ်ပြန်ထားသော သတင်းများအရ ပျောက်ဆုံးသူများ စာရင်းတွင် မူလတန်းပြ၊ အလယ်တန်းပြနှင့် အထက်တန်းပြ ဆရာ၊ ဆရာမ ၃၇ ဦးပါဝင်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly