“ရေခဲသေတ္တာ သန့်ရှင်းနေစေဖို့ နည်းလမ်းကောင်းများ”

“ရေခဲသေတ္တာ သန့်ရှင်းနေစေဖို့ နည်းလမ်းကောင်းများ”

ဒီတစ်ပတ်မှာတော့ အိမ်က ရေခဲသေတ္တာလေး အမြဲသန့်ရှင်းနေစေဖို့အတွက် နည်းလမ်းကောင်း လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

လိုအပ်သည့် ပစ္စည်းများ
(၁) ရေမြှုပ်ဖော့တစ်ခု (၂) ပန်းကန်ဆေးဆပ်ပြာ (၃) ပန်းကန်သုတ်တဲ့အဝတ်
(၄) သွားတိုက်တံဟောင်း တစ်ချောင်း

ပထမဦးစွာ ရေခဲသေတ္တာကို ပလပ်ဖြုတ်ပြီး ရေခဲသေတ္တာထဲမှာရှိတဲ့ ပစ္စည်းအားလုံးကို အပြင်ထုတ်ပါ။ ရက်လွန်နေတဲ့ ပစ္စည်းများ၊ အမှည့်လွန်နေတဲ့ သစ်သီးများအားလုံးကို အမှိုက်ပုံးထဲထည့်ပါ။
ရေခဲသေတ္တာအံဆွဲတွေ အားလုံးကိုလည်း ထုတ်ပါ။ ထို့နောက် ရေခဲသေတ္တာအံတွေကို ဆပ်ပြာရည်နဲ့ ဆေးကြောပါ။ (ရေချိုးခန်းလို နေရာမျိုးမှာ ကျယ်ကျယ်ဝန်းဝန်းဆေးတာ အကောင်းဆုံးပါပဲ)
ဆေးကြောပြီးသွားတဲ့ အံတွေကို အဝတ်စနဲ့သုတ်ပြီး အခြောက်ခံထားပါ။

ရေခဲသေတ္တာအတွင်းပိုင်းတွေကို ရေမြှုပ်ဖော့စို ဒါမှမဟုတ် အဝတ်စိုစနဲ့သုတ်ပြီး သန့်စင်ပေးပါ။
ချောင်ကျတဲ့ နေရာတွေမှာရှိတဲ့ အညစ်အကြေးတွေကိုတော့ သွားတိုက်တံ အသုံးပြုပြီး သန့်ရှင်းပေးပါ။

အတွင်းပိုင်း သန့်စင်ပြီးသွားရင်တော့ ရေခဲသေတ္တာ အံတွေကိုနဲ့ ပစ္စည်းတွေကို ပြန်နေရာချလို့ ရပါပြီ။


ရေခဲသေတ္တာ အပြင်ပိုင်းကို သန့်ရှင်းရေး လုပ်ပေးဖို့လည်း မမေ့ပါနဲ့ဦးနော်။ ခုဆိုရင်တော့ သန့်သန့်ရှင်းရှင်း ရေခဲသေတ္တာလေး ရပါပြီနော်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly