ထိုင်းဘုရင် တက်ရောက်ခဲ့သည့် ဆေးရုံအား ပြတိုက်အဖြစ် ဖွင့်လှစ်မည်

ထိုင်းဘုရင် တက်ရောက်ခဲ့သည့် ဆေးရုံအား ပြတိုက်အဖြစ် ဖွင့်လှစ်မည်

ဘန်ကောက်၊ အောက်တိုဘာ ၂၀ ။            ။ ပြီးခဲ့သည့် နှစ်များအတွင်း ထိုင်းဘုရင် ဘူမိဘောတက်ရောက် ဆေးကုသမှု ခံယူခဲ့ရာ သီရိရတ်ဆေးရုံအား ပြတိုက်အဖြစ် ဖွင့်လှစ်သွားရန် ရည်စူးထားကြောင်း သိရသည်။

ဆေးရုံရှိ မဟီဒေါတက္ကသိုလ်မှ ဆေးဝါးကျွမ်းကျင် ဆရာဆရာမများဌာန ဌာနမှူး ဒေါက်တာ ပရာဆစ်ဝတ်သန်နာဖာက အောက်တိုဘာ ၁၉ ရက်၌ ယခုအစီအစဉ်ကို ထုတ်ပြောခြင်းဖြစ်ပြီး   တော်ဝင် နန်းတော်ဗျူရိုမှ ခွင့်ပြုချက် စောင့်နေကြောင်း ဖြည့်စွက်ပြောသည်။

ပြတိုက်ဖွင့်လှစ်ရန် အစီအစဉ်နှင့် ကံတော်ကုန်ဘုရင်မင်းမြတ်၏ ရုပ်ထုကိုလည်း ဆေးရုံတွင် ထုလုပ်ထားရှိမည် ဖြစ်ကြောင်း သိရသည်။ ယင်းအတွက်လည်း ဗျူရို၏ ခွင့်ပြုချက်လိုကြောင်း ၎င်းက ပြောသည်။ ထိုင်းနိုင်ငံအတွင်း သက်တမ်းအကြာဆုံး ဆေးရုံဖြစ်သည့် သီရိရတ်ဆေးရုံက ဆယ်စုနှစ် နှစ်ခုစာကျော်ကြာ ဘုရင်ကြီးအား ဆေးဝါးကုသပေးခဲ့သည့် ဆေးရုံဖြစ်ကြောင်း ၎င်းကဆိုသည်။

၂၀၀၉ ခုနှစ်မှ ၂၀၁၃ သြဂုတ်အထိ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးကြောင့် ယင်းဆေးရုံသို့ ဘုရင်မင်းမြတ် ဘူမိဘောက တက်ရောက်ခဲ့ခြင်းဖြစ်သည်။ ဆေးရုံမှ ဆင်းပြီး နန်းတော်ရာတွင်   ပြန်လည်နေထိုင်သော်လည်း ၂၀၁၄ အောက်တိုဘာ ၃ ရက်တွင် သီရိရတ်ဆေးရုံသို့ ထပ်မံ တက်ရောက်ခဲ့ရသည်။

ထိုအချိန်မှစကာ မေလအတွင်း ဆေးရုံမှ ပြန်ဆင်းခြင်း ရှိခဲ့သော်လည်း ပြန်လည်တက်ရောက်ရပြီး အောက်တိုဘာ ၁၃ ရက်တွင် နတ်ရွာစံခြင်းဖြစ်သည်။ အောက်တိုဘာ ၁၄ တွင် ဘုရင်ကြီး၏ ရုပ်အလောင်းတော်အား ဝမ်းနည်းပူဆွေးမှုဖြင့် ပြည်သူများ စီတန်ခြံရံကာ ယာဉ်တန်းဖြင့် ဆေးရုံမှ နန်းတော်ရာသို့ ညနေ ၄ နာရီခွဲတွင် သယ်ဆောင်ရွှေ့ပြောင်းခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly